အမိုးမပါ လေကာမှန်မပါ ကက်ကြေးတံခါး စူပါကား Fang Cheng Bao Super 9
BYD ရဲ့ အမိုးမပါ လေကာမှန်မပါ ကက်ကြေးတံခါး စူပါကား Fang Cheng Bao Super 9 ဟာ ၂ယောက်စီး အိမ်စီးပြိုင်ကားဖြစ်ပြီး ကိုယ်ထည်ကို အလေးချိန် ပေါ့ပါးပြီး မာကြောတဲ့ ကာဘွန်ဖိုင်ဘာသားဖြင့် တည်ဆောက်ထားပါတယ်။ ယာဉ်မောင်းနေရာကို တိုက်လေယာဉ် လေယာဉ်မှူးခန်း စတိုင်ထုတ်ထားပါတယ်။
အမိုးမပါ လေကာမှန်မပါ ဒီဇိုင်းကို McLaren Elva အိမ်စီးပြိုင်ကား၊ Aston Martin V12 Speedster အိမ်စီးပြိုင်ကားတိုမှာ သုံးဖူးပါတယ်။
McLaren က ကားသွားနေစဉ် ဆံပင်တွေ လေတိုးပြီး ပုံပျက်ပန်းပျက် မဖြစ်ရလေအောင် လေကာပေးတဲ့ လေအကာ စီစဉ်ထားပါတယ်။ ရှေ့စက်ဖုံးမှာ လေမှုတ်စနစ် တပ်ဆင်ပေးထားပြီး လေကာမှန်သဖွယ် ဖြစ်နေအောင် လေမှုတ်ထုတ်ပေးခြင်းဖြင့် လေကို လေနဲ့ ကာပေးပါတယ်။
Source newatkas
ယခင်တင်ပြချက်
https://t.me/Guid4U/17662
Comments
Post a Comment