Gram Car Carriers (GCC) ကို MSC ၀ယ်ယူ
MSC သည် Gram Car Carriers (GCC) ကို ၀ယ်ယူပြီး ကားတင်သင်္ဘော စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်ကောင်းတစ်ရပ်ကို ခြေလှမ်းစတင်လိုက်ပါသည်။
ကမ္ဘာ့တတိယအကြီးဆုံး ကားတင်သင်္ဘောလိုင်း GCC ကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။
GCC ဒါရိုက်တာ ဘုတ်အဖွဲ့က ကမ်းလှမ်းချက်သည် တန်ဖိုးမျှမျှတတ ရှိသဖြင့် အစုရှယ်ယာရှင်များကို လက်ခံသဘောတူရန် အကြံပြုထားသည်။
ကုမ္ပဏီ၏ အစုရှယ်ယာ ၅၄.၅% ခန့်ကို ပိုင်ဆိုင်သည့် F Laeisz၊ AL Maritime၊ Glenrinnes Farms၊ HM Gram Investment နှင့် HM Gram Enterprises တို့က သဘောတူကြောင်း ထုတ်ဖော်ပြောကြားကြသည်။
MSC သည် လက်အောက်ခံ လုပ်ငန်းခွဲ SAS Shipping Agencies Services (SAS) မှတစ်ဆင့် ဝယ်ယူမည် ဖြစ်သည်။
GCC အရောင်းအဝယ်ကို ဇွန်လကုန်တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားပြီး ယခုနှစ်၏နောက်ဆုံးသုံးလပတ်အတွင်းတွင် အပြီးသတ်နိုင်မည်ဖြစ်သည်။
Source theloadstar
Comments
Post a Comment