Great Wall Motor ရည်မှန်းချက်ကို အချိန်နောက်ဆုတ်

 ယမန်နှစ် အောက်တိုဘာလတွင် Great Wall Motor GWM က  ၂၀၂၅ ခုနှစ်တွင် ပြည်ပဈေးကွက်တွင် နှစ်စဉ် အစီးရေ ၁ သန်းရောင်းချရရန် ရည်မှန်းထားပြီး အစီးရေ ၄ သိန်းကို ပြည်ပတွင် ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။


ယခုအခါ ၎င်းရည်မှန်းချက်ကို အချိန်နောက်ဆုတ်လိုက်သည်။ ၂၀၂၅ အစား ၂၀၃၀ ပြည့်နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက်ပြီး အစီးရေ သုံးပုံတပုံ‌ကျော်ကို ပရီမီယံမော်ဒယ်များ ထုတ်လုပ်မည်ဟု ကုမ္ပဏီ၏  WeChat အကောင့်တွင် ဧပြီ ၂၉ ရက်တွင် တင်ပြသည်

 

CnEVPost မှ ထုတ်ပြန်ချက်အရ Great Wall Motor သည် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းနှင့်ပြည်ပ စုစုပေါင်း ၁,၂၃၀,၅၃၀ စီး ရောင်းချခဲ့သည်။ ပြည်ပတွင် ၃၁၆,၀၁၈ စီး ရောင်းချခဲ့သည်။ သို့ဖြစ်ရာ စုစုပေါင်းရောင်းအား၏ ၂၅% ဝန်းကျင်ကို ပြည်ပတွင် ရောင်းချခဲ့ပါသည်။

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး