ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်တိန်နာသင်္ဘော Greenwater 01 ခရီးစဉ် ပြေးဆွဲ

 တရုတ်အစိုးရပိုင် China Ocean Shipping Group (Cosco) သည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်တိန်နာသင်္ဘော Greenwater 01 ကို ရှန်ဟိုင်းနှင့် နန်ကျင်းဆိပ်ကမ်းကြီးများအကြားတွင် အပတ်စဉ် ကမ်းရိုးတန်းနှင့် မြစ်တွင်းခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားသည်။


Greenwater 01 သည် ဘက်ထရီများဖြင့်သာ လည်ပတ်သည်။

ရေမိုင် ၁၀၀ ခရီးတာတွင် လောင်စာဆီ ၃,၉၀၀ ကီလိုဂရမ် သုံးစွဲခြင်းအစား ဘက်ထရီများထံမှ စွမ်းအင်ဖြင့် ခုတ်မောင်းသည်။ သို့ဖြစ်ရာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁၂ တန်ခွဲ သက်သာစေသည်။


South China Morning Post SCMP တွင် သတင်းဖော်ပြချက်အရ သင်္ဘောတွင် ကီလိုဝပ်နာရီ ၅ သောင်းကျော်သည့် ပင်မ ဘက်ထရီတလုံး သုံးစွဲထားသည်။ သွားနိုင်သည့် ခရီးတာ တိုးလိုပါက ဘက်ထရီများ ထည့်ဖြည့်ရန် နေရာ အသင့် စီစဉ်ထားသည်။


Greenwater 01 သည် အလျား ၁၂၀ မီတာ၊ အကျယ် ၂၄ မီတာရှိပြီး အမြန်ဆုံး တနာရီ ၁၂ မိုင်အထိ သွားနိုင်သည်။ 


Source scmp


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်