Hyundai Motor နှင့် Kia Corp တို့ Baidu Inc နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

 တနင်္ဂနွေနေ့ (ဧပြီ ၂၈)တွင် တောင်ကိုရီးယားမှ  Hyundai Motor နှင့်  Kia Corp တို့သည်  တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းကြီး Baidu Inc နှင့် အင်တာနက်ချိတ်ဆက်ကားများအတွက် နည်းပညာများ ဖွံဖြိုးရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။


တရုတ်အစိုးရ၏ တင်းကျပ်သော ဒေတာထိန်းချုပ်မှု စည်းမျဉ်းများအရ အင်တာနက်ချိတ်ဆက်ကားများသည် ပြည်တွင်းတရုတ်လုပ်ငန်း၏ cloud ဆာဗာများကိုသာ သုံးခွင့် ရှိသဖြင့် Hyundai Motor နှင့် Kia တို့သည် Baidu ၏ smart cloud ကို သုံးစွဲကြမည် ဖြစ်သည်။ 

Hyundai Motor နှင့် Kia တို့သည် Baidu နှင့် ၂၀၁၄ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ပြီး တရုတ်ပြည်တွင် ရောင်းချသည့် မော်တော်ယာဉ်များအတွက် အင်တာနက် ချိတ်ဆက်မှု စနစ်အမျိုးမျိုး ဖွံ့ဖြိုးရေးကို ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။ 

 #AutomobileGuide 


Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး