Hyundai Motor နှင့် Kia Corp တို့ Baidu Inc နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

 တနင်္ဂနွေနေ့ (ဧပြီ ၂၈)တွင် တောင်ကိုရီးယားမှ  Hyundai Motor နှင့်  Kia Corp တို့သည်  တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းကြီး Baidu Inc နှင့် အင်တာနက်ချိတ်ဆက်ကားများအတွက် နည်းပညာများ ဖွံဖြိုးရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။


တရုတ်အစိုးရ၏ တင်းကျပ်သော ဒေတာထိန်းချုပ်မှု စည်းမျဉ်းများအရ အင်တာနက်ချိတ်ဆက်ကားများသည် ပြည်တွင်းတရုတ်လုပ်ငန်း၏ cloud ဆာဗာများကိုသာ သုံးခွင့် ရှိသဖြင့် Hyundai Motor နှင့် Kia တို့သည် Baidu ၏ smart cloud ကို သုံးစွဲကြမည် ဖြစ်သည်။ 

Hyundai Motor နှင့် Kia တို့သည် Baidu နှင့် ၂၀၁၄ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ပြီး တရုတ်ပြည်တွင် ရောင်းချသည့် မော်တော်ယာဉ်များအတွက် အင်တာနက် ချိတ်ဆက်မှု စနစ်အမျိုးမျိုး ဖွံ့ဖြိုးရေးကို ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။ 

 #AutomobileGuide 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး