တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွက် အစီရင်ခံစာ IDC ထုတ်ပြန်

တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်အတွက် International Data Corporation (IDC) မှ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ Huawei မှ ခွဲထုတ်ပြီး တစင်ထောင်ပေးခဲ့သည့် Honor က ဈေးကွက်ဝေစု ၁၇.၁%ဖြင့် ဈေးကွက်ဝေစုအများဆုံး ရရှိခဲ့သည်။ 


5G ပရီမီယံ စမတ်ဖုန်း စီးရီးများဖြင့် အောင်မြင်မှု ရနေသော ဟွာဝေးက ဈေးကွက်ဝေစု ၁၇.၀%ဖြင့် ဈေးကွက်ဝေစု ဒုတိယအများဆုံး ရရှိခဲ့သည်။


ဈေးကွက်ဝေစု တတိယအများဆုံး ရရှိခဲ့သည့် Oppo သည် ဈေးကွက်ဝေစု ၁၅.၇% ရရှိခဲ့ပါသည်။


တချိန်က ထိပ်ဆုံးမှာ ရှိနေခဲ့သည့် Apple သည် ဈေးကွက်ဝေစု ဆုံးရှုံးခဲ့ရာ ၁၅.၆% ရရှိပြီး စတုတ္ထနေရာ ရရှိခဲ့သည်။


ပဉ္စမနေရာမှ Vivo သည် ဈေးကွက်ဝေစု ၁၄.၆% ရရှိပါသည်။



တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် ယမန်နှစ်ထက် ရောင်းအား ၉.၃% ကြီးထွားခဲ့ပါသည်။


Source gizchina

 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ