တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွက် အစီရင်ခံစာ IDC ထုတ်ပြန်
တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်အတွက် International Data Corporation (IDC) မှ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ Huawei မှ ခွဲထုတ်ပြီး တစင်ထောင်ပေးခဲ့သည့် Honor က ဈေးကွက်ဝေစု ၁၇.၁%ဖြင့် ဈေးကွက်ဝေစုအများဆုံး ရရှိခဲ့သည်။
5G ပရီမီယံ စမတ်ဖုန်း စီးရီးများဖြင့် အောင်မြင်မှု ရနေသော ဟွာဝေးက ဈေးကွက်ဝေစု ၁၇.၀%ဖြင့် ဈေးကွက်ဝေစု ဒုတိယအများဆုံး ရရှိခဲ့သည်။
ဈေးကွက်ဝေစု တတိယအများဆုံး ရရှိခဲ့သည့် Oppo သည် ဈေးကွက်ဝေစု ၁၅.၇% ရရှိခဲ့ပါသည်။
တချိန်က ထိပ်ဆုံးမှာ ရှိနေခဲ့သည့် Apple သည် ဈေးကွက်ဝေစု ဆုံးရှုံးခဲ့ရာ ၁၅.၆% ရရှိပြီး စတုတ္ထနေရာ ရရှိခဲ့သည်။
ပဉ္စမနေရာမှ Vivo သည် ဈေးကွက်ဝေစု ၁၄.၆% ရရှိပါသည်။
တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် ယမန်နှစ်ထက် ရောင်းအား ၉.၃% ကြီးထွားခဲ့ပါသည်။
Source gizchina
Comments
Post a Comment