မလေးရှားနိုင်ငံတွင် KFC ဆိုင်ခွဲပေါင်း ၁၀၈ ဆိုင်ကို ယာယီပိတ်ထား

 မလေးရှားနိုင်ငံတွင် KFC အမြန်ရ စားသောက်ဆိုင်လုပ်ငန်းကဏ္ဍကို ပိုင်ဆိုင်ပြီး လုပ်ကိုင်နေသည့် QSR Brands သည် နိုင်ငံတစ်ဝှမ်းရှိ KFC ဆိုင်ခွဲပေါင်း ၁၀၈ ဆိုင်ကို ယာယီပိတ်ထားလိုက်ရပြီဖြစ်သည်။ 

ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အမေရိကန်နှင့် ဆက်နွှယ်နေသော စီးပွားရေးများကို  ပါလက်စတိုင်းလိုလားသူတို့က လအတန်ကြာ သပိတ်မှောက်ကြရာ၌ KFC သည်

ဆိုင်မှာ လာဝယ်သူ မရှိသလောက် ခြောက်ကပ်နေသဖြင့် ပိတ်လိုက်ရသော ဆိုင်ခွဲများ၏ အဝင်မှန်တံခါးတွင် ယာယီပိတ်သိမ်းကြောင်း တောင်းပန်ထားပြီး အနီးဆုံး ဖွင့်လှစ်သည့် ဆိုင်ခွဲကို လမ်းညွှန်ထားသည့် နို့တစ်စာ ကပ်ထားသည်။ 




သပိတ်မှောက်ကြသည်မှာ  ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး KFC သည် ဂျိုဟိုးပြည်နယ် အစိုးရပိုင်ဖြစ်သည့် Johor Corporationမှ ပိုင်ဆိုင်လုပ်ကိုင်ကြောင်းကို မီနူးဘုတ်များ၊ လက်ကမ်းစာရွက်များတွင် ဖော်ပြပြီး သပိတ်မှောက်ခြင်း လျော့ပါးစေရန် ကြိုးပမ်းခဲ့သည်။


QSR သည် စင်ကာပူ၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့တွင်လည်း KFC ဆိုင်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မလေးရှားတွင် KFC ဆိုင်ပေါင်း ၆၀၀ ကျော်ရှိသည်။

Source straitstimes


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး