Thai Airways Boeing 747-400 လေယာဉ်များ အကုန်လုံး ရောင်းချ

 Thai Airways (THAI) သည် တာဝေး ခရီးရှည် ပြေးဆွဲခဲ့သည့် Boeing 747-400 လေယာဉ်များ ၁၈ စင်းအကုန်လုံးကို ရောင်းချကြောင်း ကြေညာသည်။

တစ်ချိန်က “ကောင်းကင်ဘုရင်မ” ဟု သိကြသော Boeing 747-400 လေယာဉ်များသည် သက်တမ်းအိုမင်းခြင်းအပြင် လေကြောင်းလိုင်း၏ ခရီးစဉ်များ မဟာဗျူဟာအရ ခရီးတာ အပြောင်းအလဲများနှင့် ကိုက်ညီအောင် ချိန်ညှိခြင်း ဖြစ်သည်။

THAI တွင် နောက်ဆုံးလက်ကျန် Boeing 747-400 မှတ်ပုံတင်နံပါတ် HS-TGG “Pathumawadi" ကို RPS System Co Ltd ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


 THAI စီအီးအို Chai Iamsiri က လေကြောင်းလိုင်းတွင် Airbus A380 စီးရီးနှင့် Boeing 777 စီးရီး နှစ်မျိုးစုစုပေါင်း ၁၈ စီးကို ရောင်းချမည့် အစီအစဉ် ရှိကြောင်း ပြောကြားသည်။ အများစုသည် ခရီးရှည် ပျံသန်းနိုင်သည့် ကိုယ်ထည်အကျယ် လေယာဉ်များ ဖြစ်သည်။


၂၀၁၃ တွင် THAI တွင် လေယာဉ် အစီး ၁၀၀ ရှိခဲ့သည်။ ကိုဗစ်ကာလ အထိနာပြီးနောက် ၂၀၂၂ နှစ်ကုန်တွင် ပြေးဆွဲသည့် လေယာဉ် ၆၄ စီးသာ ကျန်သည်။ ကိုဗစ်လွန်ကာလ ခရီးသည်များ ပြန်များပြားလာသောအခါ မှာကြားထားသည့် လေယာဉ်များ မရသေးခင်မှာ လေယာဉ်လိုအပ်ချက်ကို ၂၀၂၂ နှင့် ၂၀၂၃ တို့တွင် အငှားစနစ်ဖြင့် ဖြည့်တင်းသည်။ ၂၀၂၃ ဒုတိယ၃ လပတ်တွင် ကိုယ်ထည်အကျယ် Airbus A350 ၂၁ စီး အသစ် ရရှိသည်။ 

၂၀၂၅ စတုတ္ထ၃လပတ်တွင် ကိုယ်ထည်အကျဉ်း Airbus A321neo လေယာဉ်အသစ်များ စတင်ရရှိမည်။

သို့ဖြစ်ရာ ၂၀၂၄ တွင် ၇၉ စင်း၊ ၂၀၂၅ တွင် အစီး ၉၀ ရှိလာမည် ဖြစ်သည်။

Source nationthailand


Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်