လူသားဆန်သော စက်ရုပ် Tiangong ကို ထုတ်ဖော်ပြသ

 တရုတ်နိုင်ငံမှ Beijing Humanoid Robot Innovation Center သည် တစ်နာရီလျှင် ၆ ကီလိုမီတာ အမြန်နှုန်းဖြင့် လူသားကဲ့သို့ ပြေးနိုင်သည့် လူသားဆန်သော စက်ရုပ် Tiangong ကို ထုတ်ဖော်ပြသခဲ့သည်။  

အရပ်အမြင့် ၁၆၃ စင်တီမီတာ (၅ ပေ ၄ လက်မ)၊ အလေးချိန် ၄၃ ကီလိုဂရမ် ရှိသည်။

အလေးချိန် နည်းသဖြင့် Tiangong သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြေးနိုင်သည်။

Tiangong သည် ဆင်ခြေလျောများနှင့် လှေကားထစ်များကို အဆင်ပြေပြေ သွားလာနိုင်သည်။ အတားအဆီးများ၊ မညီညာသော မြေပြင်အနေအထားနှင့် ကြုံတွေ့ရသည့်အခါ လမ်းလျှောက်ပုံကို မဆိုင်းမတွ ချိန်ညှိ‌ပေးခြင်းဖြင့် သွက်လက်ချက်ချာမှုကို ပြသသည်။ 





Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး