လူသားဆန်သော စက်ရုပ် Tiangong ကို ထုတ်ဖော်ပြသ
တရုတ်နိုင်ငံမှ Beijing Humanoid Robot Innovation Center သည် တစ်နာရီလျှင် ၆ ကီလိုမီတာ အမြန်နှုန်းဖြင့် လူသားကဲ့သို့ ပြေးနိုင်သည့် လူသားဆန်သော စက်ရုပ် Tiangong ကို ထုတ်ဖော်ပြသခဲ့သည်။
အရပ်အမြင့် ၁၆၃ စင်တီမီတာ (၅ ပေ ၄ လက်မ)၊ အလေးချိန် ၄၃ ကီလိုဂရမ် ရှိသည်။
အလေးချိန် နည်းသဖြင့် Tiangong သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြေးနိုင်သည်။
Tiangong သည် ဆင်ခြေလျောများနှင့် လှေကားထစ်များကို အဆင်ပြေပြေ သွားလာနိုင်သည်။ အတားအဆီးများ၊ မညီညာသော မြေပြင်အနေအထားနှင့် ကြုံတွေ့ရသည့်အခါ လမ်းလျှောက်ပုံကို မဆိုင်းမတွ ချိန်ညှိပေးခြင်းဖြင့် သွက်လက်ချက်ချာမှုကို ပြသသည်။
Comments
Post a Comment