ဗီယက်နမ်ဘီလျံနာ ဖန့်ညပ်ဗွန် VinFast တွင် သူ့ကိုယ်ပိုင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံရင်းနှီးမြုပ်နှံရန် စီစဉ်

 ဗီယက်နမ်ဘီလျံနာ ဖန့်ညပ်ဗွန် Pham Nhat Vuong က Nasdaq စတော့အိတ်ချိန်း စာရင်းဝင် လျှပ်စစ်ကားထုတ်လုပ်‌ရေးလုပ်ငန်း VinFast တွင် သူ့ကိုယ်ပိုင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံရင်းနှီးမြုပ်နှံရန် စီစဉ်ထားကြောင်း ပြောကြားသည်။

"ကျွန်တော့ ကိုယ်ပိုင်အိတ်‌ထောင်ထဲမှ ဒေါ်လာ ၁ ဘီလီယံ ဗင်ဖတ်စ်ကို ပေးဖို ကျွန်တော် စီစဉ်နေတယ်" ဟု ဗွန်က ပြောကြားသည်။



သူထိန်းချုပ်ထားသည့် အခြားကုမ္ပဏီများကို စတော့အိပ်ချိန်း စာရင်းဝင်အဖြစ် ပြောင်းလဲကာ ရှယ်ယာများ ရောင်းချပြီး အရင်းအနှီးငွေ ရှာယူမည်ဟု ဆိုသည်။

သူသည် ဗီယက်နမ်မှ ကုမ္ပဏီစုကြီး Vingroup တွင် ၁၈% တိုက်ရိုက်ပိုင်ဆိုင်ပြီး ဥက္ကဋ္ဌတာဝန် ယူထားသည်။


ဗင်ဖတ်စ်သည် အရှုးပြနေဆဲ အခြေအနေတွင်သာ ရှိနေပြီး ဗွန်နှင့် Vingroup တိုသည် ဗင်ဖတ်စ်တွင် ကန်ဒေါ်လာ ၁၁.၄ ဘီလီယံ သွန်ထည့်ထားသည်။ 


ဗွန်သည် ဗင်ဖတ်စ်တွင် စီးအီးအို ရာထူးကို ပြန်လည် ရယူထားသည်။ ဗင်ဖတ်စ်တွင် ရှယ်ယာ ၉၇%ကို တိုက်ရိုက်နှင့် သူပိုင်ဆိုင်သည့် ကုမ္ပဏီများမှတဆင့် ပိုင်ဆိုင်ထားသည်။


“လျှပ်စစ်ကားစျေးကွက်က အင်ဂျင်ကားတွေကို ကျော်လွန်သွားလိမ့်မယ်။ ဗင်ဖတ်စ်ကို ကျွန်တော် လက်လျှော့မှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။

Source Reuters

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး