ရှောင်မီလုပ်ငန်းစု ဥက္ကဋ္ဌနှင့် စီအီးအို လိုင်ဂျွန် Xiaomi SU7 အရောင်းအခြေအနေ ရှင်းလင်းတင်ပြ

 ၂၀၂၄ ပေကျင်း အပြည်ပြည်ဆိုင်ရာ ကားပြပွဲ စတင်သည့် ဧပြီ ၂၅ ရက်မှာ ကျင်းပသော စာနယ်ဇင်း ရှင်းလင်းပွဲမှာ ရှောင်မီလုပ်ငန်းစု ဥက္ကဋ္ဌနှင့် စီအီးအို လိုင်ဂျွန်က Xiaomi SU7 စတင်ရောင်းချခဲ့ပြီး ၂၈ ရက်အကြာမှာ စရန်ငွေ ပြန်မအမ်း အခိုင်အမာ အမှာစာ ၇၅,၇၂၃ စီး ရရှိခဲ့ကြောင်း၊ ၅,၇၈၁ စီးကို မှာကြားထားသူများထံ ပေးပို့ပြီးဖြစ်ကြောင်း ပြောကြားသည်။



SU7 ကို စီးရေ တိုးထုတ်သွားမည်ဖြစ်ပြီး ဇွန်လတွင် တလ အစီးတသောင်းကျော်အထိ ပေးပို့နိုင်မည်ဟု ၎င်းက ပြောကြားသည်။


SU7 ဝယ်ယူသူများတွင် ၂၈% သည် အမျိုးသမီးများ ဖြစ်သည်။

၂၉% သည် လက်ရှိ BMW, Mercedes Benz, Audi ဈေးအမြင့်တန်းမှ ကားများ စီးနေကြသူများ ဖြစ်သည်။ (တရုတ်တွင် BBA ဟု ပြောဆိုသည့်ကားများ ဖြစ်သည်။ BMW Benz Audi ကို ဆိုလိုသည်)

၅၁.၉% သည် Apple သုံးကြသူများ ဖြစ်သည်။



အင်တာနက်ဖြင့် လှမ်းတင်ပေးသည့် OTA (over-the-air) update တွင် ရှောင်မီ မူပိုင် HyperOS 1.1.0 ကို မကြာမီ တင်ပေးမည်။  HyperOS 1.2.0 ကိုလည်း မေလအတွင်း တင်ပေးမည်။


ကားအစီးရေ ၁ သိန်းရောင်းချပြီးသည့်အခါ ပျမ်းမျှ ကားတစီး ၅%မှ ၁၀%အထိ အမြတ်ကျန်မည်ဟု မျှော်မှန်းထားသည်ဟု ၎င်းက ပြောကြားသည်။

Source carnewschina


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး