2025 Porsche 911 Targa 4 GTS hybrid အိမ်စီးပြိုင်ကား ထုတ်ဖော်ပြသ

 မေလ ၂၇ ရက်တွင် Porsche က အထင်ကရ 911 အိမ်စီးပြိုင်ကားကို ဟိုက်ဘရစ်ဗားရှင်းဖြင့် ပထမဆုံး ထုတ်လုပ်ထားသည့် 2025 911 Carrera GTS ကို ထုတ်ဖော်ပြသခဲ့သည်။ 


ဂျာမန်ကားလုပ်ငန်း Volkswagen မှ ထိန်းချုပ်ထားသော ဂျာမန် အိမ်စီးပြိုင်ကားလုပ်ငန်း ပိုရှန်း၏ မော်ဒယ်များတွင် 911 သည် လျှပ်စစ်ကားစစ်စစ်ကို နောက်ဆုံးမှ ထုတ်လုပ်မည့် မော်ဒယ်အဖြစ် သတ်မှတ်ထားသည်။ 


911 Carrera GTS ဟိုက်ဘရစ်ဗားရှင်းသည် သုညမှ တနာရီ မိုင် ၆၀ သို့ ၂.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။ အမြန်ဆုံး အမြန်နှုန်းမှာ တနာရီ ၁၉၄ မိုင် ဖြစ်သည်။ 3.6-liter boxer ဟိုက်ဘရစ်အင်ဂျင် သုံးထားပြီး မြင်းကောင်ရေ ၅၃၂ အထိ ထုတ်ပေးနိုင်သည်။



ခေါက်အမိုး convertible (cabriolet) ဗားရှင်း အခြေခံရောင်းဈေး $178,200 ဖြစ်ပြီး ရိုးရိုးအမိုး coupe ဗားရှင်း အခြေခံရောင်းဈေးမှာ $164,900 ဖြစ်ပါသည်။

ဗားရှင်းနှစ်မျိုးစလုံး နောက်ဘီးယက်နှင့် ၄ ဘီးယက် မူကွဲ ၂ မျိုး ထုတ်လုပ်ပါသည်။

Source Porsche

#AutomobileIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး