ဆလင်ဒါအကြီးစားဘက်ထရီ ဂိုရှင် ထုတ်လုပ်မည်

 ဂျာမန်ကားလုပ်ငန်း Volkswagen ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် တရုတ်နိုင်ငံမှ ဘက်ထရီလုပ်ငန်း Gotion က ဆလင်ဒါ အကြီးစား ဘက်ထရီကို Stellary Battery အမည်ဖြင့် ထုတ်လုပ်မည် ဖြစ်သည်။ 

Stellary Battery ဆဲလ်သည် အချင်း ၄၆ မီလီမီတာ ရှိပြီး 4C အမြန်အားသွင်းခြင်းကို လက်ခံပေးနိုင်ပါသည်။

 C သည် ဘက်ထရီတစ်လုံး၏ အားသွင်းကိန်းကို ရည်ညွှန်းသည်။ 4Cသည် သီအိုရီအရ ဘက်ထရီထုပ်ကို ၁ နာရီ၏ ၄ ပုံ၁ပုံ (၁၅ မိနစ်)ဖြင့် သုညမှ အားအပြည့်ဖြစ်‌အောင် အားသွင်းပေးသည်။ လက်တွေ့တွင် မိနစ်အနည်းငယ် ပိုကြာမည် ဖြစ်ပါသည်။

Stellary Battery သည် ၁၀% မှ ၇၀% အားပြည့်သည့်အဆင့် ရောက်ရန် ၉ မိနစ် ကြာမည် ဖြစ်ပါသည်။ အကြိမ် ၂၅၀၀ အားသွင်းပြီးချိန်တွင် သိုမှီးနိုင်စွမ်း ၃၀% လျော့ကျပါသည်။ 


Stellary Battery ကို ဂိုရှင်၏ သတ္တမမျိုးဆက် ဘက်ထရီစက်ရုံတွင် ထုတ်လုပ်မည်။ ၎င်းစက်ရုံသည် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းအောင် အလိုအလျောက်စနစ်များဖြင့် ဆောင်ရွက်ထားသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် ယခင်မျိုးဆက်ထက် ၃၇.၅% သက်သာသည်ဟု ဂိုရှင်က ဆိုသည်။ 

Source Gotion

#AutomobileIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ