တောလာဆွစ်ဖ်၏ နားရွက်ခေါက်ကြောင်များ မမွေးကြရန် တိုက်တွန်း

 တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များသည် Taylor Swift ၏ အမာခံ ပရိသတ်များအား ပေါ့ပ်စတား တေလာဆွစ်ဖ် မွေးမြူထားသည့် Scottish Fold စကော့တလန် ခေါက် ဟု အမည်တွင်သည့် နားရွက်ခေါက်နေသော ကြောင်များကို မမွေးကြရန် တိုက်တွန်းထားသည်။

အဆိုပါ ကြောင်များသည် ချစ်ခင်နှစ်သက်စရာ တမူထူးခြားနေအောင် တမင်ရည်ရွယ်ချက်ဖြင့် မျိုးရိုးဗီဇပြောင်းလဲပေးထားသဖြင့် နားရွက်ခေါက်သည့် ကြောင်များ ဖြစ်နေကြခြင်း ဖြစ်သည်။ မျိုးရိုးဗီဇ ပြောင်းထားသည့်အတွက် ၎င်းကြောင်များတွင်နာတာရှည်ဝေဒနာများ ဖြစ်ပွားနေလေ့ရှိသည်။

Scottish Fold ကြောင်များကို ၎င်းတို့၏ နူးညံ့သိမ်မွေ့သော သဘောသဘာဝနှင့် ပွေ့ဖက်ခြင်းကို နှစ်သက်ခြင်းကြောင့် အဖော်ပြုရန် အလွန်ကောင်းသည်။ ရုန်းကန်ခြင်းမပြုဘဲ ပြုသမျှ နုနေကြသည်မှာ ၎င်းတို့သည် နာတာရှည်ဝေဒနာများ ခံစားနေရသဖြင့် ငြိမ်ခံနေကြခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူတို့က ဆိုသည်။

နားရွက်ခေါက် ကြောင်ကို ၁၉၆၁ ခုနှစ်၌ စကော့တလန်တွင် genetic mutation မျိုးရိုးဗီဇပြောင်းလဲပေးခြင်းဖြင့် ပထမဆုံး မွေးဖွားခဲ့ပါသည်။ ထို့ကြောင့် Scottish Fold ဟု အမည်တွင်သည်။

Source AFP

#Guide4U 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ