မလေးရှားတွင် ဓာတ်အားမူဝါဒ ဆောလျင်စွာ ပြောင်းလဲ

 Tenaga Nasional Berhad (National Energy Limited) TNB သည် မလေးရှားမှ နိုင်ငံစုံ လျှပ်စစ်ဓာတ်အားကုမ္ပဏီဖြစ်ပြီး မလေးရှားကျွန်းဆွယ်တွင် တခုတည်းသော ဓာတ်အား ကုမ္ပဏီ ဖြစ်သည်။ 

TNB သည် မလေးရှား အချုပ်အခြာအာဏာပိုင် ဓနရန်ပုံငွေဖြင့် ထူထောင်ထားခြင်းဖြစ်ပြီး စတော့အိတ်ချိန်း စာရင်းဝင် အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်သည်။ အရှေ့တောင်အာရှ၏ အကြီးမားဆုံး အများပိုင် ဓာတ်အားကုမ္ပဏီဖြစ်သည်။ ဆာရာဝပ်မှတပါး မလေးရှားကျွန်းဆွယ် တနံတလျား ဓာတ်အားဖြန့်ဖြူးသည်။ အရှေ့မလေးရှားမှ ဆာဘတ်သ်ကို Sabah Electricity Sdn Bhd မှတဆင့် ဓာတ်အားဖြန့်ဖြူးသည်။


လာမည့် စက်တင်ဘာလမှာ ဓာတ်အားမူဝါဒ ပြောင်းလဲကျင့်သုံးတော့မည် ဖြစ်ရာ ဓာတ်အားသုံးစွဲသူများသည် သီးခြားရပ်တည်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သူများထံမှ ဓာတ်အားကို Tenaga Nasional မှတစ်ဆင့် ဝယ်ယူခြင်း မပြုဘဲ ၎င်းထုတ်လုပ်သူများထံမှ တိုက်ရိုက် ဝယ်ယူနိုင်တော့မည်။ ဓာတ်အားလိုင်းကို TNB ၏ ဓာတ်အားလိုင်းများကိုသာ သုံးစွဲရမည်။


စတင်ကျင့်သုံးခြင်း မပြုခင် ၂ လအလို ဇူလိုင်လတွင် ကြေညာချက် ထုတ်ပြန်ပေးမည်ဟု ဒုတိယဝန်ကြီးချုပ် Fadillah Yusof က ပြောသည်။


ယခင်က ၂၀၂၅ ခုနှစ်တွင် စတင်ရန် အချိန်ဇယားရေးဆွဲထားသော်လည်း ယခုအခါ ဓာတ်အား သုံးစွဲမှု များပြားသည့် ဒေတာစင်တာများကို မလေးရှားတွင် ထားရှိရန် Amazon နှင့် Microsoft Corp အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများ၊ တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သဖြင့် ဆောလျင်စွာ အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်သည်။ 

ဓာတ်အား ထုတ်လုပ်သူများနှင့် ဓာတ်အားသုံးစွဲသူများသည် TNB ၏ ဓာတ်အားလိုင်းများကို အသုံးပြုပြီး တိုက်ရိုက် အရောင်းအဝယ် ပြုခွင့် ရရှိမည် ဖြစ်သည်။


Source FMT

#EnergyIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး