ဟွာဝေး ပထမနေရာ ပြန်လည်ရောက်ရှိ

 

Canalys မှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ ဟွာဝေးသည် ၃ နှစ်ကျော်အကြာတွင် တရုတ်ပြည်စမတ်ဖုန်းဈေးကွက် ထိပ်ဆုံးနေရာကို ပြန်လည်ရရှိခဲ့သည်။


၃၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် Huawei ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် အလုံးရေ ၁၁.၇ သန်းအထိ ရောက်ရှိပြီး စျေးကွက်ဝေစု ၁၇% ရရှိသည်။ 


ဟွာဝေး၏ Mate နှင့် Nova စီးရီး စမတ်ဖုန်းများ ရောင်းအား ကောင်းခဲ့သည်။


OPPO သည် Reno 11 စီးရီး ရောင်းအား ကောင်းခဲ့ပြီး ဒုတိယနေရာ ရရှိသည်။ အလုံးရေ ၁၀.၉ သန်း ပေးပို့ခဲ့သည်။


Honor သည် အလုံးရေ ၁၀.၆ သန်း ပေးပို့ခဲ့ပြီး တတိယနေရာ ရရှိသည်။


အလုံးရေ ၁၀.၃ သန်း ပေးပို့ခဲ့သော vivo က စတုတ္ထနေရာ ရရရှိသည်။


ရောင်းအား ကျဆင်းနေသဖြင့် ဈေးချ ရောင်းသည့် Apple သည် အလုံးရေ ၁၀ သန်း ပေးပို့ပြီး ပဉ္စမနေရာ ရရှိသည်။


Source Canalys

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး