တိုယိုတာ၊ မာဇဒါနှင့် စူဘာရူတို့ အင်ဂျင်မျိုးဆက်သစ်အတွက် ပူးပေါင်း
ဂျပန်ကားလုပ်ငန်း ၃ ခု တိုယိုတာ၊ မာဇဒါနှင့် စူဘာရူတို့က အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် internal combustion engine ICE မျိုးဆက်သစ် ဖွံ့ဖြိုးရေး အတူတကွ လက်တွဲလုပ်ကိုင်ဖို့ Multipathway Workshop အမည်ဖြင့် ပေါင်းစည်းလိုက်ကြပါတယ်။
ဓာတ်ဆီ ဒီဇယ်အစား အခြားလောင်စာများနှင့် ဟိုက်ဘရစ်နည်းပညာတို့ အသုံးချပြီး ကာဘွန်ထုတ်လွှတ်မှု ထပ်တိုးခြင်း မရှိတဲ့ လောင်စာများ carbon-neutral (CN) fuels အသုံးပြုတဲ့ အင်ဂျင်မျိုးဆက်သစ်ကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။
CN လောင်စာများတွင် အီးလောင်စာ e-fuel (ဓာတုလောင်စာ)၊ ဇီဝလောင်စာနှင့် ဟိုက်ဒရိုဂျင်အရည်တို့ ပါဝင်ပါတယ်။
ကားအနာဂတ်မှာ အီးဗီမှတပါး အခြားမရှိဆိုတဲ့ လမ်းစဉ်ကို လက်မခံဘဲ အီးဗီအပြင် အင်ဂျင်ကားတွေလည်း ဆက်လက်တည်တံ့နေပြီး ကာဘွန်ထုတ်လွှတ်မှု ထပ်တိုးခြင်း မရှိတဲ့ ကားအနာဂတ်ကို ရည်မှန်းထားကြပါတယ်။
#AutomobileIndustryGuide
Comments
Post a Comment