တိုယိုတာ၊ မာဇဒါနှင့် စူဘာရူတို့ အင်ဂျင်မျိုးဆက်သစ်အတွက် ပူးပေါင်း

 ဂျပန်ကားလုပ်ငန်း ၃ ခု တိုယိုတာ၊ မာဇဒါနှင့် စူဘာရူတို့က အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် internal combustion engine ICE မျိုးဆက်သစ် ဖွံ့ဖြိုးရေး အတူတကွ လက်တွဲလုပ်ကိုင်ဖို့ Multipathway Workshop အမည်ဖြင့် ပေါင်းစည်းလိုက်ကြပါတယ်။


ဓာတ်ဆီ ဒီဇယ်အစား အခြားလောင်စာများနှင့် ဟိုက်ဘရစ်နည်းပညာတို့ အသုံးချပြီး ကာဘွန်ထုတ်လွှတ်မှု ထပ်တိုးခြင်း မရှိတဲ့ လောင်စာများ carbon-neutral (CN) fuels အသုံးပြုတဲ့ အင်ဂျင်မျိုးဆက်သစ်‌ကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။


CN လောင်စာများတွင် အီးလောင်စာ e-fuel (ဓာတုလောင်စာ)၊ ဇီဝလောင်စာနှင့် ဟိုက်ဒရိုဂျင်အရည်တို့ ပါဝင်ပါတယ်။


ကားအနာဂတ်မှာ အီးဗီမှတပါး အခြားမရှိဆိုတဲ့ လမ်းစဉ်ကို လက်မခံဘဲ အီးဗီအပြင် အင်ဂျင်ကားတွေလည်း ဆက်လက်တည်တံ့နေပြီး ကာဘွန်ထုတ်လွှတ်မှု ထပ်တိုးခြင်း မရှိတဲ့ ကားအနာဂတ်ကို ရည်မှန်းထားကြပါတယ်။

#AutomobileIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ