အလီဘာဘာက ဘက်ခမ်းကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်

 Alibaba Group Holding ၏ ကမ္ဘာလုံးဆိုင်ရာ စျေးဝယ်ပလက်ဖောင်း AliExpress သည် အင်္ဂလိပ်ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ခမ်းအား ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်လိုက်သည်။


တနင်္လာနေ့(မေ၂၇)တွင် AliExpress မှ ထုတ်ပြန်ချက်အရ တစ်နှစ်တာ ပူးပေါင်းဆောင်ရွက်မှုအရ ဘက်ခမ်းသည် တီဗီ၊ အင်တာနက်၊ ဆိုရှယ်မီဒီယာနှင့် သမားရိုးကျမီဒီယာများတွင် တင်ပြမည့် ပရိုမိုးရှင်းအစီအစဉ်များစွာတွင် ပါဝင်မည်ဖြစ်ပြီးဇွန်လ ၁၄ ရက် စတင်မည့် ဥရောပဘောလုံးပြိုင်ပွဲ Euro 2024 အတွင်း တီဗီကြော်ငြာများတွင် ပါဝင်မည်။

 AliExpress သည် Euro 2024 ၏ စပွန်ဆာတစ်ဦး ဖြစ်ပြီး ကမ်ပိန်းတွင် ယူရိုသန်းပေါင်းများစွာတန်ဖိုးရှိ ကူပွန်များအပြင် ပြိုင်ပွဲများအတွက် လက်မှတ်များ အခမဲ့ ပေးဝေခြင်းလည်း ပါ၀င်မည်။

Source scmp

#AdvertisingIndustryGuide 

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး