ဂိုရှင်က G-Current ဘက်ထရီထုပ်ကို မိတ်ဆက်

 ဂျာမန်ကားလုပ်ငန်း Volkswagen ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် တရုတ်ဘက်ထရီလုပ်ငန်း Gotion က အလွန်အမင်း မြန်ဆန်စွာ အားသွင်းသည့် 5C ကို သုံးနိုင်စေသည့် G-Current ဘက်ထရီထုပ်ကို ကို မိတ်ဆက်ပါသည်။

 C သည် ဘက်ထရီတစ်လုံး၏ အားသွင်းကိန်းကို ရည်ညွှန်းသည်။ 5Cသည် သီအိုရီအရ ဘက်ထရီထုပ်ကို ၁ နာရီ၏ ၅ ပုံ၁ပုံ ဖြင့် အားအပြည့်ဖြစ်‌အောင် အားသွင်းပေးသည်။ လက်တွေ့တွင် မိနစ်အနည်းငယ် ပိုကြာလေ့ရှိသည်။

ဂိုရှင်း၏ G-Current ဘက်ထရီထုပ်သည် သုညမှ ၈၀% အထိရောက်အောင် အားသွင်းရန် ၉.၈ မိနစ်ကြာသည်။ ၉၀% သို့ရောက်ဖို့ ၁၅ မိနစ်ကြာသည်။ သုညမှ အားအပြည့်ဖြစ်လာရန် ၂၅မိနစ်ကြာသည်။

Source Gotion

#AutomobileIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ