Kia EV9 ရောင်းအား တက်နေ

 လျှပ်စစ်ကားများ ရောင်းအား နှေးနေသော်လည်း Kia EV9 ရောင်းအား တက်နေသည်။ ပြည်ပဈေးကွက်များတွင် လူကြိုက်များသဖြင့် ပထမတနှစ်အတွင်း စီးရေ ၅ သောင်း ရောင်းရလိမ့်မည်ဟု ခန့်မှန်းထားသည်။


ထိုင်ခုံတန်း ၃ တန်းပါ SUV အီးဗီကို ယမန်နှစ် မတ်လတွင် ပွဲထုတ်ပြသခဲ့ပြီး ကိုရီးယားတွင် မှာကြားထားသူများထံ ကားအပ်နှံမှု ဇွန်လမှာ စတင်ခဲ့သည်။


ပြီးခဲ့သည့် ဧပြီလကုန်အထိ ကမ္ဘာတလွှား စီးရေ ၄၈,၀၀၀ ကျော် ရောင်းချခဲ့သည်။

လစဉ် အစီးရေ ၂,၀၀၀ မှ ၃,၀၀၀ အထိ ရောင်းချလျက်ရှိသဖြင့် မေလ အရောင်းစာရင်း ထုတ်ပြန်သည့်အခါ စီးရေ ၅ သောင်းကျော်မည်ဟု တွက်ဆနိုင်သည်။

ဧပြီလအထိ ၁၁ လတာတွင် ပြည်ပသို့ ၃၉,၃၀၉ စီး တင်ပို့ခဲ့သည့်အနက် Kia ၏ အကြီးဆုံးဈေးကွက် အမေရိကန်သို့ ၅,၅၇၉ စီး ပေးပို့ခဲ့သည်။ 

ကိုရီးယားတွင် ဈေးမြင့်သည်ဟု ယူဆခြင်း၊ အရည်အသွေး ပြဿနာ ပေါ်ပေါက်ခြင်းတို့ကြောင့် ရောင်းအား မကောင်းချေ။ Kia က EV9 ဈေးနှုန်းကို ဖေဖော်ဝါရီလတွင် ဝမ် ၃.၅ သန်း ($2,620) ဈေးချပေးခဲ့သည်။ 

Source koreatimes 

#AutomobileIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ