Kia EV9 ရောင်းအား တက်နေ
လျှပ်စစ်ကားများ ရောင်းအား နှေးနေသော်လည်း Kia EV9 ရောင်းအား တက်နေသည်။ ပြည်ပဈေးကွက်များတွင် လူကြိုက်များသဖြင့် ပထမတနှစ်အတွင်း စီးရေ ၅ သောင်း ရောင်းရလိမ့်မည်ဟု ခန့်မှန်းထားသည်။
ထိုင်ခုံတန်း ၃ တန်းပါ SUV အီးဗီကို ယမန်နှစ် မတ်လတွင် ပွဲထုတ်ပြသခဲ့ပြီး ကိုရီးယားတွင် မှာကြားထားသူများထံ ကားအပ်နှံမှု ဇွန်လမှာ စတင်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလကုန်အထိ ကမ္ဘာတလွှား စီးရေ ၄၈,၀၀၀ ကျော် ရောင်းချခဲ့သည်။
လစဉ် အစီးရေ ၂,၀၀၀ မှ ၃,၀၀၀ အထိ ရောင်းချလျက်ရှိသဖြင့် မေလ အရောင်းစာရင်း ထုတ်ပြန်သည့်အခါ စီးရေ ၅ သောင်းကျော်မည်ဟု တွက်ဆနိုင်သည်။
ဧပြီလအထိ ၁၁ လတာတွင် ပြည်ပသို့ ၃၉,၃၀၉ စီး တင်ပို့ခဲ့သည့်အနက် Kia ၏ အကြီးဆုံးဈေးကွက် အမေရိကန်သို့ ၅,၅၇၉ စီး ပေးပို့ခဲ့သည်။
ကိုရီးယားတွင် ဈေးမြင့်သည်ဟု ယူဆခြင်း၊ အရည်အသွေး ပြဿနာ ပေါ်ပေါက်ခြင်းတို့ကြောင့် ရောင်းအား မကောင်းချေ။ Kia က EV9 ဈေးနှုန်းကို ဖေဖော်ဝါရီလတွင် ဝမ် ၃.၅ သန်း ($2,620) ဈေးချပေးခဲ့သည်။
Source koreatimes
#AutomobileIndustryGuide
Comments
Post a Comment