PTT စီးပွားရေးအလားအလာ ကောင်းမွန်မည်ဟု ခန့်မှန်းထား

 ထိုင်းနိုင်ငံမှ အမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစုကြီး PTT Plc သည် အဓိကထုတ်ကုန်များထဲမှ တစ်ခုဖြစ်သော ရေနံဓာတုပစ္စည်းဈေးနှုန်းများမှာ ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားသော်လည်း ယခုနှစ် ကျန်ရှိသည့် လများတွင် လုပ်ငန်းစုကြီး၏ စီးပွားရေးအလားအလာ ကောင်းမွန်မည်ဟု ခန့်မှန်းထားသည်။ 

ရေနံဓာတုပစ္စည်းဈေးနှုန်းများတွင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ high density polyethylene (HDPE) စျေးနှုန်းသည် ယခင်နှစ် အလားတူကာလကထက် ၄% ကျဆင်းခဲ့ပြီ တစ်တန်လျှင် $ 1,041 သို့ လျော့ကျသည်။ 

paraxylene (PX) စျေးနှုန်းသည်လည်း ၁% ကျဆင်းခဲ့ပြီး တစ်တန်လျှင် $1,027 သို့ လျော့ကျသည်။

ယခုနှစ်တွင် HDPE တစ်တန်လျှင် $1,011-1,111 နှင့် PX တစ်တန်လျှင် $996 နှင့် $1,096 ကြားတွင် ရှိနေမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

"ကမ္ဘာ့ဈေးကွက်ဝယ်လိုအား သိသိသာသာ နိမ့်ကျနေတဲ့ ရေနံဓာတုထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေ ကျနေပေမဲ့လည်း PTT ရဲ့ စီးပွားစွမ်းဆောင်ရည်ဟာ ၂၀၂၄ ခုနှစ်မှာ ပိုကောင်းလာမယ်လို့ ယူဆထားပါတယ်"ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ Side Tanapo Prapapan, Patta က ပြောသည်။


ရေနံလုပ်ငန်းကဏ္ဍတွင် ဓာတ်ငွေ့ပိုမိုထုတ်လုပ်ခြင်း၊ နိုင်ငံ၏ GDP တိုးလာခြင်းနှင့် ရေနံစိမ်းစျေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ယခုနှစ်အတွင်း အရောင်းဝင်ငွေ တိုးလာမည်ဟု Mr Tanapon က ယူဆသည်။


PTT ၏ ရေနံတူးဖော်ရေးလက်တံ PTT Exploration and Production Plc (PTTEP) သည် ထိုင်းပင်လယ်ကွေ့ရှိ အီရာဝမ် ဓာတ်ငွေ့လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စွမ်းရည်ကို million standard cubic feet per day (MMSCFD) ၄၀၀ မှ ၈၀၀ သို့ တိုးမြှင့်ထားသည်။


ပြည်တွင်းဓာတ်ငွေ့ ရောင်းလိုအား မြင့်မားမှုကြောင့် ဓာတ်ငွေ့ဈေးနှုန်း အနည်းငယ် ကျဆင်းမည်ဟု မျှော်လင့်ထားသော်လည်း PTTEP သည် စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရန် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို ထိန်းချုပ်ထားနိုင်သောကြောင့် စီးပွားရေး အလားအလာ ကောင်းမွန်မည်ဟု မျှော်လင့်ထားသည်။


Mr Tanapon ၏ အဆိုအရ ထိုင်း GDP သည် ၂၀၂၄ ခုနှစ်တွင် ၂.၇% တိုးလာရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ပိုများမည်။ ဒူဘိုင်း ရေနံစိမ်းရည်ညွှန်းဈေးသည် တစ်စည်လျှင် ၇၉ ဒေါ်လာမှ ၈၉ ဒေါ်လာကြားရှိမည်ဟု ခန့်မှန်းသည်။ ၂၀၂၃ ခုနှစ်ထက် ၂% ပိုများမည်။ ဇန်နဝါရီမှ မတ်လအထိ ဒူဘိုင်း ရေနံစိမ်းရည်ညွှန်းဈေးသည် တစ်စည်လျှင် ပျမ်းမျှ ၈၁.၃ ဒေါ်လာ ရှိခဲ့သည်။ ယမန်နှစ်ထက် ၁% ပိုများသည်။



PTT သည် ၎င်း၏လုပ်ငန်းခွဲ Nuovo Plus မှတစ်ဆင့် ဘက်ထရီထုတ်လုပ်သည့် လုပ်ငန်းမှ ၀င်ငွေရရှိမည် ဖြစ်သည်။ Nuovo Plus သည် Gotion Singapore Pte နှင့် ဖက်စပ်လုပ်ငန်း NV Gotion ကို ထူထောင်ထားသည်။

NV Gotion သည် ယမန်နှစ် ဒီဇင်ဘာလကတည်းက လျှပ်စစ်ကားများနှင့် စွမ်းအင်သိုလှောင်မှုစနစ်များအတွက် ဘက်ထရီများနှင့် ဘက်ထရီထုပ်များကို ထုတ်လုပ်ရောင်းချခဲ့သည်။



၂၀၂၄ ပထမသုံးလပတ်တွင် PTT သည် စုစုပေါင်းဝင်ငွေ ဘတ် ၇၈၂ ဘီလီယံ ရရှိခဲ့ပြီး အသားတင်အမြတ် ဘတ် ၂၈.၉ ဘီလီယံ ရရှိခဲ့ပါသည်။

Source Bangkokpost 

#EnergyIndustryGuide 

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး