ကမ္ဘာ့အကြီးဆုံး ပင်လယ်စာ စားသောက်ဆိုင် Red Lobster ဒေဝါလီခံ

 (၁)


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုတွင် အခြေစိုက်သော Red Lobster သည် အမေရိကန်တွင် ထသွားထလာ စားသောက်နိုင်သော စားသောက်ဆိုင်ပေါင်း ၅၅၀ ခန့်ရှိပြီး အမေရိကန်နိုင်ငံ ပြင်ပတွင် ဆိုင်ခွဲပေါင်း ၅၄ ဆိုင်ရှိသည့် ဝန်ထမ်း ၃၆,၀၀၀ ခန့်ရှိသော ကမ္ဘာ့အကြီးဆုံး ပင်လယ်စာ စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။


Red Lobster က ၎င်း၏လုပ်ငန်းသည် ညံ့ဖျင်းသော စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များ၊ ကုန်ဈေးနှုန်း မြင့်မားခြင်း၊ ရေရှည်မတည်တံ့နိုင်သော ငှားရမ်းခနှင့် ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းတို့ကို ကြုံတွေ့နေရပြီး ကန်ဒေါ်လာ ၂၉၄ သန်း အကြွေးတင်နေသည်ဟု ဆိုသည်။ 

၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၇၆ အသားတင် အရှုံးပေါ်ခဲ့သည်။

ကုန်ကျစရိတ်လျှော့ချရန် စားသောက်ဆိုင် ၉၃ ခုကို မကြာသေးမီက ပိတ်ခဲ့သည်။

ရောင်းအား မကောင်းသည့်ဆိုင်များ ပိတ်ပစ်ပြီး ကျန်သည့် ဆိုင်များကို Fortress Investment Group အပါအဝင် ချေးငွေ ထုတ်ပေးထားသူများထံ ရောင်းချရန် စီစဉ်နေသည်။

ယခုအခါ ဖလော်ရီဒါမှာ လူမွဲခံယူရန် လျှောက်ထားသည်။


(၂)


Red Lobster သည် အချိန်အကန့်အသတ်ဖြင့် ပရိုမိုးရှင်းတစ်ခုအနေဖြင့် $20 အဝစား ပုဇွန်ဟင်းလျာကို ရောင်းချခဲ့ရာမှ စီအီးအိုဟောင်း Paul Kenny က အဝစား ပုဇွန်ဟင်းလျာ အစီအစဉ်ကို အရောင်းမြှင်တင်သည့် ကာလအပိုင်းအခြား မထားဘဲ ၂၀၂၃ခုနှစ် မေလတွင် တစ်နှစ်ပတ်လုံး ရောင်းချစေခဲ့သည်။ Red Lobster စားသောက်ဆိုင်အချို့သည် မကြာမီ ပုစွန်ပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြရသည်။

ပုစွန်ကို အခြားပေးသွင်းသူများထံမှ ဝယ်ယူခြင်း မပြုဘဲ Red Lobster တွင် ရှယ်ယာအများစု ပိုင်သည့် Thai Union တခုတည်းထံမှ ဈေးပိုပေးပြီး ဝယ်ယူခဲ့သည်။ 


အဝစား ပုဇွန်ဟင်းလျာ အစီအစဉ် ရောင်းချခဲ့သဖြင့် ကန်ဒေါ်လာ ၁၁ သန်း အရှုံးပေါ်ခဲ့သည်။

Source Bangkokpost 

#RestaurantIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်