Samsung Electronics ကုမ္ပဏီ သမိုင်းမှာ ပထမဆုံးအကြိမ် အလုံးအရင်းဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြ

 တောင်ကိုရီးယားမှ Samsung Electronics ရဲ့ လုပ်သားအင်အားစု ငါးပုံတပုံကျော်ဖြစ်တဲ့ လုပ်သား ၃ သောင်းကျော်ပါဝင်တဲ့ အလုပ်သမားသမဂ္ဂ National Samsung Electronics Union (NSEU) က လာမယ့် ဇွန်လ ၇ ရက်မှာ တရက်အလုပ်မဆင်းဘဲ ဆန္ဒပြမှာဖြစ်ကြောင်း ကြေညာပါတယ်။ 

Samsung Electronics ကုမ္ပဏီ သမိုင်းမှာ ပထမဆုံးအကြိမ် အလုံးအရင်းဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြခြင်း ဖြစ်ပါတယ်။ 


လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လုပ်သားများက ဆိုးလ်မြို့ရှိ ကုမ္ပဏီရုံးခန်းများ ရှေ့နှင့် Hwaseong ရှိ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံရှေ့တို့မှာ လစာ တိုးပေးဖို့အပါအဝင် အချက်အချို့ကို ဆန္ဒပြတောင်းဆိုကြပါတယ်။ 

ဆမ်ဆောင်းက လုပ်ခလစာ ၅.၁% တိုးပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

NSEU က ခွင့်ရက် တရက် တိုးပေးရန်၊ စွမ်းဆောင်ရည်အရ ဆုကြေး ပေးအပ်တာမှာ အကဲဖြတ်ပုံများ ပွင့်လင်းမြင်သာမှု ရှိစေရန် တောင်းဆိုထားပါတယ်။


Samsung က လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရတယ်လို့ ပြောဆိုပါတယ်။ အဲဒီ အကြောင်းပြချက်ကို အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးမပြုသင့်ဘူးလို့ NSEU က ဆိုပါတယ်။


Source sammobile 

#ICTIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ