Samsung Electronics ကုမ္ပဏီ သမိုင်းမှာ ပထမဆုံးအကြိမ် အလုံးအရင်းဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြ
တောင်ကိုရီးယားမှ Samsung Electronics ရဲ့ လုပ်သားအင်အားစု ငါးပုံတပုံကျော်ဖြစ်တဲ့ လုပ်သား ၃ သောင်းကျော်ပါဝင်တဲ့ အလုပ်သမားသမဂ္ဂ National Samsung Electronics Union (NSEU) က လာမယ့် ဇွန်လ ၇ ရက်မှာ တရက်အလုပ်မဆင်းဘဲ ဆန္ဒပြမှာဖြစ်ကြောင်း ကြေညာပါတယ်။
Samsung Electronics ကုမ္ပဏီ သမိုင်းမှာ ပထမဆုံးအကြိမ် အလုံးအရင်းဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လုပ်သားများက ဆိုးလ်မြို့ရှိ ကုမ္ပဏီရုံးခန်းများ ရှေ့နှင့် Hwaseong ရှိ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံရှေ့တို့မှာ လစာ တိုးပေးဖို့အပါအဝင် အချက်အချို့ကို ဆန္ဒပြတောင်းဆိုကြပါတယ်။
ဆမ်ဆောင်းက လုပ်ခလစာ ၅.၁% တိုးပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
NSEU က ခွင့်ရက် တရက် တိုးပေးရန်၊ စွမ်းဆောင်ရည်အရ ဆုကြေး ပေးအပ်တာမှာ အကဲဖြတ်ပုံများ ပွင့်လင်းမြင်သာမှု ရှိစေရန် တောင်းဆိုထားပါတယ်။
Samsung က လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရတယ်လို့ ပြောဆိုပါတယ်။ အဲဒီ အကြောင်းပြချက်ကို အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးမပြုသင့်ဘူးလို့ NSEU က ဆိုပါတယ်။
Source sammobile
#ICTIndustryGuide
Comments
Post a Comment