AI ပါသည့် မျိုးဆက်သစ် ကြင်ဖော်ကြင်ဖက်ရိုဘော့များ တရုတ်ပြည်မှာ ထုတ်လုပ်

 

ကြင်ဖော်ကြင်ဖက်ရိုဘော့ အနာဂတ်မော်ဒယ်များသည် စကားအပြန်အလှန်ပြောခြင်းအပြင် ကိုယ်ဟန်အမူအရာ လှုပ်ရှားမှုဖြင့်လည်း တုံ့ပြန်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုများဖြင့် ချိတ်ဆက်မှုကို စူးစိုက်ပေးထားခြင်းဖြင့် သုံးစွဲသူ ရရှိလာမည့် အတွေ့အကြုံများကို သိသိသာသာ အရည်အ‌သွေးမြှင့်တင်ပေးသည်။


တရုတ်သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် နည်းပညာနှင့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် အပြန်အလှန်တုံ့ပြန်နိုင်သော၊ AI စွမ်းအင်သုံးအဖော်ကို ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ChatGPT ကဲ့သို့သော နည်းပညာကို ကြင်ဖော်ကြင်ဖက်ရိုဘော့များတွင် အသုံးပြုကြသည်။


ရှန်ကျန်းမြို့တွင် sex doll ဟု အလွယ်ခေါ်ကြသည့် ကြင်ဖော်ကြင်ဖက်ရိုဘော့ အရုပ်များကို အဓိကထုတ်လုပ်သည့် Starpery Technology သည် ၎င်း၏ထုတ်ကုန်ကို ဉာဏ်ရည်တုဖြင့် စွမ်းပကား မြှင့်တင်ရန် ကုမ္ပဏီ၏ ကိုယ်ပိုင်ဘာသာစကားပုံစံ အကြီးစားဖြင့် အရုပ်များကို လေ့ကျင့်ပေးလျက်ရှိသည်။

၎င်းအရုပ်များသည် မကြုံစဖူး စွမ်းရည်ရှိသော ကြင်ဖော်ကြင်ဖက်ရိုဘော့ အရုပ်များ ဖြစ်လာကြမည်။ အမျိုးသားနှင့် အမျိုးသမီး အရုပ်များ ရရှိနိုင်မည် ဖြစ်ပြီး များမကြာမီ ဈေ၊ကွက်တင်ပြီး ရောင်းချမည်။



"အသုံးပြုတဲ့သူကို အသံနှင့် ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန် တုံ့ပြန်ပေးနိုင်မယ့် နောက်မျိုးဆက်သစ် ကြင်ဖော်ကြင်ဖက်ရိုဘော့ကို ကျွန်တော်တို့ ထုန်လုပ်ဖို့ လုပ်ကိုင်နေပါတယ်။ အခုနှစ် ဩဂုတ်လမှာ ရှေ့ပြေးပုံစံများ ရရှိဖို့ မျှော်မှန်းထားပါတယ်"ဟု စီအီးအို Evan Lee က ပြောကြားသည်။


"အထူးသဖြင့် တကယ့်လက်တွေ့ဆန်ဆန် လူသားအချင်းချင်း အပြန်အလှန် ဆက်ဆံမှုမျိုးကို ရရှိဖို့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

"မေးထူးခေါ်ပြောအဆင့်လောက်က လွယ်ကူပေမဲ့ အပြန်အလှန်တုံ့ပြန် ပြောဆို လှုပ်ရှားပြဖို့ကတော့ အထူးပြုဆော့ဖ်ဝဲကုမ္ပဏီတွေက နက်နဲရှုပ်ထွေးတဲ့ စံပုံစံကို ဖွံ့ဖြိုးထုတ်လုပ်ပေးဖို့ လိုအပ်ပါတယ်"ဟုက ၎င်းက ရှင်းပြသည်။



အတွင်းမှ သတ္တုအရိုးစုနှင့် ဆီလီကွန်အပြင်ပိုင်းဖြင့် ဖန်တီးထားသော သမားရိုးကျအရုပ်များသည် ရိုးရှင်းသောတုံ့ပြန်မှုများကိုသာ ပြုပေးနိုင်သည်။ လူသားတစ်ဦးနှင့်ထိတွေ့ဆက်ဆံရာ၌ အသက်ပါပါဖြင့် ထုတ်ဖော်ပြသနိုင်သည့် စွမ်းရည် မရှိကြချေ။ 

"စကားပြောရင် အသက်မပါကြဘူး။ နောက်မျိုးဆက်သစ် အရုပ်တွေကို AI မော်ဒယ်ဖြင့် စွမ်းရည် ထည့်ပေးထားတယ်။ စကားပြောဆိုတဲ့အခါ က်ုယ်ဟန်အမူအရာ လှုပ်ရှားမှုတွေ ပါမယ်"ဟု Lee က ပြောကြားသည်။


Starpery Technology သည် တရုတ်ပြည်မှ ရှေးရိုးဆန်သည့် လူမှုအဖွဲ့အစည်းသည် ကြင်ဖော်ကြင်ဖက်ရိုဘော့ကို လက်သင့်မခံ ဆန့်ကျင်ကြဖွယ် ရှိသဖြင့် တရုတ်ပြည်ပြင်ပ ဈေးကွက်များကိုသာ အဓိကအားထားခဲ့သော်လည်း ယခုအခါ တရုတ်ပြည်ရောင်းအားက အမေရိကန်၊ ဂျပန်နှင့် ဂျာမနီတို့ထက် သာလွန်နေသည်။



Starpery ၏ လမ်းပြမြေပုံတွင် အိမ်မှုကိစ္စများ လုပ်ဆောင်နိုင်သော ရိုဘော့များ တီထွင်ခြင်း၊ ရိုဘော့များဖြင့် မသန်မစွမ်းသူများကို ကူညီခြင်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုများ ပေးခြင်းတို့ ပါဝင်သည်။

၂၀၃၀ ပြည့်နှစ်တွင် အန္တရာယ်များသော အလုပ်များတွင် လူများကို ရိုဘော့များက ကာကွယ်ပေးသည့် အဆင့်သို့ ရောက်ရှိရန် မျှော်မှန်းထားသည်။

"ဒီအဆင့်ကို အောင်မြင်ဖို့အတွက် အဓိက စိန်ခေါ်မှု နှစ်ခုက ဘက်ထရီ စွမ်းရည်နဲ့ ကြွက်သားအတုတွေ ဖြစ်ပါတယ်"ဟု Lee က ပြောကြားသည်။


လူကိုယ်ခန္ဓာနှင့် ဆင်တူသော ရိုဘော့တို့တွင် ဘက်ထရီအကြီးစား ထားရန် နေရာမရှိသည့်အပြင် ဘက်ထရီအကြီးစား၏ လေးလံသော အလေးချိန်ကို ရိုဘော့က ထမ်းထားနိုင်မည် မဟုတ်ချေ။ သို့ဖြစ်ရာ ကျစ်ကျစ်လစ်လစ်ဖြင့် စွမ်းအင်ကို များများစားစား သိုလှောင်ပေးနိုင်သည့် ဘက်ထရီ လိုအပ်သည်။


လူ့ကြွက်သားကဲ့သို့ ပျော့သည့်အခါပျော့၊ မာသည့်အခါမာ၊ အားထုတ်ပေးသည့်အခါ ထုတ်ပေးနိုင်ပြီး အပေါ်မှအရေပြားနှင့်လည်း လိုက်လျောညီထွေ ဖြစ်နေသည့် ကြွက်သားအတုကို ဖန်တီးဖို့ ခဲယဉ်းသည်ဟု Lee က ပြောကြားသည်။


တကယ့်လက်တွေ့ဆန်ဆန် ရိုဘော့ကို တည်ဆောက်လျှင် အလေးချိန် ကီလို ၄၀ (၈၈ ပေါင်)အထိ အလေးချိန် ရှိသဖြင့် လျှပ်စစ်မော်တာအဖို့ လေးလံလွန်းနေသည်။ ထို့ပြင် လဲကျနိုင်ပြီး အနီးတွင် ရှိသူတို့ကို ထိခိုက်မည် ဖြစ်သည်။


"ဒီတော့ ပထမအဆင့်မှာ သုံးစွဲတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေမှာ အလေးချိန် လျှော့ချဖို့ အာရုံစိုက်ခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။

ယခုအခါ အရပ် ၁၇၂ စင်တီမီတာ(၅ပေခွဲ) ရှိသည့် အရုပ်ကို အလေးချိန် ၂၉ ကီလိုဂရမ်ဖြင့် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။


Starpery မှ ထုတ်လုပ်သော အရုပ်များကို US$1,500 ဝန်းကျင်ဖြင့် ရောင်းချသည်။



WMdoll နှင့် EXdoll အပါအဝင် အခြား တရုတ်ကုမ္ပဏီများကလည်း AI ပါသည့် ကြင်ဖော်ကြင်ဖက်ရိုဘော့များ ထုတ်လုပ်ကြမည် ဖြစ်သည်။ 


Source scmp 

#Guide4U 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်