အိန္ဒိယ ကားထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခု တစ်နှစ် အစီးရေ ၃ သန်း ထပ်တိုးထုတ်လုပ်ရန် စီစဉ်

 အိန္ဒိယ ပြည်တွင်းဈေးကွက်ရောင်းချမှု၏ ၉၇ ရာခိုင်နှုန်းကို ဝေစု ပိုင်ဆိုင်ထားသည့် အိန္ဒိယမှ ကားထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခုသည် တစ်နှစ်လျှင် ကားစီးရေ သုံးသန်းအထိ တိုးထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

လက်ရှိတွင် တနှစ်လျှင် အစီးရေ ၅.၇၇ သန်း ထုတ်လုပ်နိုင်သည်။ သို့ဖြစ်ရာ ၅၂% ထပ်တိုးမည် ဖြစ်သည်။

စက်ရုံအသစ်များ စတင်လည်ပတ်ကြသည့်အခါ အိန္ဒိယနိုင်ငံသည် တစ်နှစ်လျှင် အိမ်စီးကား အစီးရေ ၈.၇၇ သန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထုတ်လုပ်မည့် ကားအမျိုးအစားများတွင် သမားရိုးကျ အင်ဂျင်ကားများ၊ ဟိုက်ဘရစ်များ၊ အီးဗီများ ပါဝင်သည်။


၎င်းကုမ္ပဏီ ၉ ခုမှာ 

• Maruti Suzuki

• Hyundai Motor

• Tata Motors

• Mahindra & Mahindra

• Kia Motors

• Toyota Kirloskar

• Honda Cars India

• Skoda Auto Volkswagen

• MG Motors

တို့ ဖြစ်ပါသည်။


စာရင်းတွင် နောက်ထပ်တိုးလာမည့် Vinfast မပါဝင်ပါ။


အိန္ဒိယတွင် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကားအသစ် အစီးရေ ၄.၂ သန်း ကနဦးမှတ်ပုံတင်ခဲ့သည်။

၂၀၂၅ဘဏ္ဍာနှစ်တွင် ကားအသစ် အစီးရေ ၅.၁ သန်း ကနဦးမှတ်ပုံတင်မည်။

၂၀၃၅ ဘဏ္ဍာနှစ်တွင် ကားအသစ် အစီးရေ ၈.၂ သန်း ကနဦးမှတ်ပုံတင်မည်ဟု S&P Mobility က ခန့်မှန်းထားပါသည်။


အိန္ဒိယကားဈေးကွက်သည် တရုတ်နှင့် အမေရိကန် ပြီးလျှင် တတိယအကြီးဆုံး ကားဈေးကွက် ဖြစ်လာမည် ဖြစ်သော်လည်း လူဦးရေနှင့် ကားပိုင်ဆိုင်မှု အချိုးအစားမှာ အလွန်နိမ့်ကျနေဆဲ ဖြစ်သည်။ ပျမ်းမျှအားဖြင့် လူ ၁,၀၀၀ လျှင် ကား ၂၆ စီး ပိုင်ဆိုင်သည်။ တရုတ် (၁၈၃)၊ အမေရိကန် (၅၉၄) ကိုရီးယား (၃၈၄) မက္ကဆီကို (၂၈၀) နှင့် ဘရာဇီး (၂၇၆) တို့ထက် နည်းသည်။ သို့ဖြစ်ရာ ကားပိုင်ဆိုင်မှု ကြီးထွားရန် အလားအလာ ကောင်းသည်။ 


အိန္ဒိယကားဈေးကွက်တွင် Maruti, Hyundai, Tata Motors, Mahindra & Mahindra ကားကုမ္ပဏီ ၄ ခုတို့သည် ဈေးကွက်ဝေစု ၈၁% ကို ထိန်းချုပ်ထားသည်။



Maruti Suzuki သည် ၎င်း၏ ပထမဆုံး လျှပ်စစ်ကားကို ယခုနှစ်ကုန်တွင် ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သည်။ ဦးစွာပထမ ပြည်ပသို့ တင်ပို့မည်။ ထို့နောက် ပြည်တွင်းမှာ ရောင်းချမည်။ 

 Maruti Suzuki သည် တနှစ် အစီးရေ ၂ သိန်းခွဲ ထုတ်လုပ်နိုင်မည့် စက်ရုံ တည်ဆောက်လျက်ရှိရာ ၂၀၂၅ တွင် စတင်လည်ပတ်မည်။ နောက်ထပ် စက်ရုံတရုံမှာ ၂၀၂၉ တွင် စတင်လည်ပတ်မည်ဖြစ်ပြီး တနှစ် အစီးရေ ၁ သန်းအထိ ထုတ်လုပ်နိုင်သည်။ လက်ရှိစက်ရုံတွင်လည်း တနှစ် အစီးရေ ၂ သိန်းခွဲ ထုတ်လုပ်နိုင်မည့် ထုတ်လုပ်ရေးလိုင်း ထပ်ဖြည့်ထည့်မည်။ 


Hyundai Motors သည် တနှစ် အစီးရေ တသန်းကျော် ထုတ်လုပ်ရန် ရည်မှန်းထားသည်။ General Motors ၏ စက်ရုံဟောင်းကို ဝယ်ယူခဲ့ပြီး ကားထုတ်လုပ်ရန် ဆောင်ရွက်နေသည်။ 


Kia Motors သည် လက်ရှိ တနှစ် အစီးရေ ၃ သိန်းခွဲအထိ ထုတ်လုပ်နိုင်သည်ကို အစီးရေ ၄ သိန်းသို့ တိုးချဲ့မည်။


MG Motors က တနှစ် အစီးရေ ၁ သိန်းမှ ၃ သိန်းအထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။


Source CRISIL Intelligence and Analytics

#AutomobileIndustryGuide 

Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်