ဂျပန်ဘဏ်ကြီး ၂ ခု တိုယိုတာတွင် ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်း

 

ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် Mitsubishi UFJ Financial Group နှင့် Sumitomo Mitsui Financial Group တို့သည် Toyota Motor တွင် ရင်းနှီးမြှုပ်နှံထားသည့် စုစုပေါင်း ကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးရှိသော ၎င်းတို့၏ မဟာဗျူဟာမြောက် အစုရှယ်ယာများကို တိုယိုတာ၏ ရှယ်ယာများ ပြန်လည် ဝယ်သိမ်းသည့် အစီအစဉ်တွင် ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်ယူမည်ဟု Bloomberg News က သောကြာနေ့ (ဇွန်၇)တွင် ဖော်ပြခဲ့သည်။


Mitsubishi ပိုင်ဆိုင်သည့် တိုယိုတာရှယ်ယာများသည် အကြမ်းအားဖြင့် တန်ဖိုး ယန်း ၇၀၀ ဘီလီယံရှိပြီး Sumitomo Mitsui ပိုင်ဆိုင်သည့် တိုယိုတာရှယ်ယာများသည် အကြမ်းအားဖြင့် တန်ဖိုး ယန်း ၆၂၀ ဘီလီယံ ရှိပါသည်။

၎င်းရှယ်ယာများကို နှစ်အတန်ကြာ အချိန်ယူပြီး တသုတ်ပြီးတသုတ် အသုတ်များခွဲကာ ရောင်းချသွားမည် ဖြစ်သည်။


ဂျပန်၏အကြီးဆုံး ကားထုတ်လုပ်သူ တိုယိုတာသည် ၃၀၃၅ ခုနှစ် ဧပြီလကုန်တွင် ယန်း ၁ ထရီလီယံ (ကန်ဒေါ်လာ ၆.၄ ဘီလီယံ) တန်ဖိုးရှိ ရှယ်ယာ သန်း ၄၁၀ အထိ ပြန်လည်ဝယ်ယူရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်က ပြောကြားခဲ့သည်။

Source Reuters 

#BankingIndustryGuide #BankingIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး