ဂျပန်ဘဏ်ကြီး ၂ ခု တိုယိုတာတွင် ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်း

 

ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် Mitsubishi UFJ Financial Group နှင့် Sumitomo Mitsui Financial Group တို့သည် Toyota Motor တွင် ရင်းနှီးမြှုပ်နှံထားသည့် စုစုပေါင်း ကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးရှိသော ၎င်းတို့၏ မဟာဗျူဟာမြောက် အစုရှယ်ယာများကို တိုယိုတာ၏ ရှယ်ယာများ ပြန်လည် ဝယ်သိမ်းသည့် အစီအစဉ်တွင် ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်ယူမည်ဟု Bloomberg News က သောကြာနေ့ (ဇွန်၇)တွင် ဖော်ပြခဲ့သည်။


Mitsubishi ပိုင်ဆိုင်သည့် တိုယိုတာရှယ်ယာများသည် အကြမ်းအားဖြင့် တန်ဖိုး ယန်း ၇၀၀ ဘီလီယံရှိပြီး Sumitomo Mitsui ပိုင်ဆိုင်သည့် တိုယိုတာရှယ်ယာများသည် အကြမ်းအားဖြင့် တန်ဖိုး ယန်း ၆၂၀ ဘီလီယံ ရှိပါသည်။

၎င်းရှယ်ယာများကို နှစ်အတန်ကြာ အချိန်ယူပြီး တသုတ်ပြီးတသုတ် အသုတ်များခွဲကာ ရောင်းချသွားမည် ဖြစ်သည်။


ဂျပန်၏အကြီးဆုံး ကားထုတ်လုပ်သူ တိုယိုတာသည် ၃၀၃၅ ခုနှစ် ဧပြီလကုန်တွင် ယန်း ၁ ထရီလီယံ (ကန်ဒေါ်လာ ၆.၄ ဘီလီယံ) တန်ဖိုးရှိ ရှယ်ယာ သန်း ၄၁၀ အထိ ပြန်လည်ဝယ်ယူရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်က ပြောကြားခဲ့သည်။

Source Reuters 

#BankingIndustryGuide #BankingIndustryGuide 

Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်