ဂျပန်တွင် အသားစား ဘက်တီးရီးယား ကူးစက်ခံရမှု မြင့်တက်

 ဂျပန်တွင် အသားစား ဘက်တီးရီးယား ကူးစက်မှု စံချိန်တင် မြင့်တက်‌နေပါသည်။

ယမန်နှစ် တနှစ်လုံးတွင် အသားစား ဘက်တီးရီးယား ကူးစက်ခံရသူ ၉၄၁ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ၁,၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။


အသားစား ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆိပ်သင့်ရောဂါ Streptococcal Toxic Shock Syndrome (STSS) လက္ခဏာများတွင် လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် အခြားအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအပြင် သွေးပေါင်ချိန်နည်းခြင်းကဲ့သို့ သော လက္ခဏာများ ပါဝင်သည်။


ဘက်တီးရီးယားပိုးမွှားကူးစက်မှု၏ အစောပိုင်းလက္ခဏာများကို သာမန်အအေးမိခြင်း၏ လက္ခဏာများဟု မကြာခဏ လွဲမှားကြသည်။

အဖျား ပြင်းထန်ခြင်းနှင့် ကယောင်ကတမ်းဖြစ်ခြင်း၊ ဒဏ်ရာအနာတဝိုက် နီနေသည့်အကွက် လျင်မြန်စွာ ပျံ့ခြင်းတို့သည် STSS လက္ခဏာများ ဖြစ်ပါသည်။


ဆောလျင်စွာ ချက်ချင်း မကုသပါက ပျော့ပျောင်းသော တစ်သျှူးများ ပျက်စီးခြင်း၊ အသက်ရှုလမ်းကြောင်း ချို့ယွင်းခြင်း၊ အသည်း ချို့ယွင်းခြင်း၊ ကျောက်ကပ် အားနည်းခြင်းနှင့် ကိုယ်တွင်းအင်္ဂါ အများအပြား ချို့ယွင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ 


STSS ကြောင့် သေဆုံးနှုန်းသည် ၃၀% ကျော်ပါသည်။


STSS သည် အဓိကအားဖြင့် နှာခေါင်း သို့မဟုတ် လည်ချောင်းမှ ထွက်လာသည့် အရည်အစက်ကလေးများမှတဆင့် ကူးစက်သည်။ ဒဏ်ရာနှင့် ထိတွေ့ခြင်းမှတဆင့်လည်း ကူးစက်သည်။


Source XINHUA

#HealthIndustryGuide 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး