ဗီယက်နမ် ကော်ဖီ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄.၅-၅ ဘီလီယံ ရရှိမည် ခန့်မှန်း

 

ယခုနှစ်တွင် ဗီယက်နမ်ကော်ဖီ ပြည်ပသို့ တင်ပို့မှုသည် မေလကုန်အထိ ကန်ဒေါ်လာ ၃ ဘီလီယံဖိုး၊ တန်ချိန် ၈၆၂,၄၀၀ တင်ပို့ခဲ့သည်။ 

ဗီယက်နမ်ကော်ဖီ ပထမ၅လတာ ပျမ်းမျှဈေးနှုန်းမှာ တတန်လျှင် US$3,475 ဖြစ်ပြီး မေလအတွက် ပျမ်းမျှဈေးနှုန်းမှာ တတန်လျှင် US$4,275 ဖြစ်ပါသည်။

ပူပြင်းသည့် ရာသီဥတု ရှည်ကြာခဲ့သဖြင့် ကော်ဖီအထွက်နှုန်း ကျဆင်းသည်။ ယမန်နှစ်ကထက် ၂၀% အထိ လျော့နည်းမည်ဟု ခန့်မှန်းသည်။


ဗီယက်နမ် ကော်ဖီ ကိုကာ အသင်း Vietnam Coffee Cocoa Association (Vicofa) က 

ယခုနှစ် ကော်ဖီတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄.၅-၅ ဘီလီယံ ရရှိမည်ဟု ခန့်မှန်းသည်။


Source vnexpress 

#FoodIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ