နီဆန်း တရုတ်ပြည်မှာ ကားစက်ရုံ တရုံ ပိတ်သိမ်း

 တရုတ်ပြည်မှာ ဂျပန်ကားကုမ္ပဏီများ ရောင်းအားလျော့ကျလျက်ရှိရာ ယမန်နှစ်က Mitsubishi Motors သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု အပြီးအပိုင်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်လတွင် ဟွန်ဒါက ဖက်စပ်လုပ်ငန်း GAC Honda Automobile တွင် ထုတ်လုပ်မှု လျှော့ချရမည်ဖြစ်သဖြင့် မိမိဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်ရန် ဝန်ထမ်းများကို ပြောကြားခဲ့ရာ ဝန်ထမ်း ၁,၇၀၀ ဝန်းကျင် ထွက်စာ တင်ခဲ့ကြသည်။


ယခု Nissan Motor က ကျန်းစုပြည်နယ် ချန်ကျိုမြို့မှ တနှစ် အစီးရေ ၁၃၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည့် ကားစက်ရုံကို သောကြာနေ့ (ဇွန် ၂၁)တွင် ပိတ်သိမ်းလိုက်သည်။ 

နီဆန်းသည် ၎င်းစက်ရုံတွင် ထုတ်လုပ်လျက်ရှိသော SUV အငယ်စား Qashqai မော်ဒယ်ကို ဒါလျန်းမြို့ရှိ စက်ရုံတွင် ဆက်လက်ထုတ်လုပ်မည်။


နီဆန်းသည် Dongfeng Motor နှင့် ထူထောင်ထားသော ဖက်စပ်လုပ်ငန်းတွင် စက်ရုံ ၈ ခုရှိပြီး တနှစ်လျှင် စုစုပေါင်း အစီးရေ ၁.၆ သန်းအထိ ထုတ်လုပ်နိုင်သည်။


Source Asia Nikkei 

#AutomobileIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး