တောင်ကိုရီးယားသမ္မတ လူဦးရေအတွက် အမျိုးသား အရေးပေါ်အခြေအနေ ကြေညာ

 သမ္မတ ယွန်းဆော့ယိုသည် တောင်ကိုရီးယားတွင် "လူဦးရေအတွက် အမျိုးသား အရေးပေါ်အခြေအနေ" ကို ကြေညာလိုက်ပြီး မွေးကင်းစကလေးငယ်များအတွက် ငွေသားထောက်ပံ့မှု တိုးချဲ့ရန်နှင့် ကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို ပြန်မြင့်တက်စေရန် အစီအမံများကို ထုတ်ပြန်ခဲ့သည်။


နိုင်ငံ၏ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် အစိုးရ၏ ယခင်ကြိုးပမ်းမှုများသည် အကုန်အကျ များပြားသော်လည်း ထိရောက်မှု မရှိကြောင်းထင်ရှားနေသဖြင့် စေ့စေ့စပ်စပ် ပြန်လည်အကဲဖြတ်ပြီးနောက် အစီအမံအသစ်များ ချမှတ်ခဲ့သည်။


ယခုနှစ် ပထမသုံးလပတ်တွင်၊ အမျိုးသမီးတစ်ဦး၏ တစ်သက်တာအတွင်း မွေးဖွားသည့် ကလေးအရေအတွက် မွေးဖွားနှုန်းသည် ကိုရီးယားတွင် ၀.၇၆ အထိ နည်းပါးခဲ့သည်။


 အဆိုပါပြဿနာ၏ အရေးတကြီးအခြေအနေကို အသိအမှတ်ပြုပြီး အစိုးရက ကျယ်ကျယ်ပြန့်ပြန့် အရေးပေါ်တုံ့ပြန်ရေးစနစ်ကို စတင်လုပ်ဆောင်နေသည်ဟု ယွန်းက ပြောကြားခဲ့သည်။

လူဦးရေ မဟာဗျူဟာဌာနကို မေလတွင် စတင်ထူထောင်ခဲ့သည်။

အစိုးရသည် ၎င်း၏မူဝါဒဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အဓိကကဏ္ဍသုံးရပ်အဖြစ်အလုပ်နှင့်ဘဝ ဟန်ချက်ညီမှု၊ ကလေးထိန်းကျောင်းမှုနှင့် အိမ်ရာများတို့ကို အလေးပေးထားသည်။



ဦးစွာပထမအ‌နေဖြင့် အလုပ်အတွက်နှင့် ကလေးစောင့်ရှောက်ခြင်း တာဝန်များအတွက် သုံးစွဲရသည့်အချိန် ဟန်ချက်ညီ မျှတစေရန် မိဘများအား ပံ့ပိုးကူညီရန်၊ ကလေးဖျားနာသောအခါကဲ့သို့သော အရေးပေါ်အခြေအနေများအတွက် ကလေးစောင့်ရှောက်ရန် ကာလတိုကလေးထိန်းခွင့် နှစ်ပတ်အထိ ခွင့်ယူနိုင်မည်။


ကလေးစောင့်ရှောက်ခြင်းအတွက် အလုပ်ချိန် လျှော့ပေးသည့် အသက်ကန့်သတ်ချက်သည် ကလေး အသက် ၈ နှစ်ဟု သတ်မှတ်ထားသည်ကို ၁၂ နှစ်အထိ တိုးပေးမည်ဖြစ်ပြီး အမြင့်ဆုံးကာလကို ၂၄ လအစား ၃၆ လအထိ တိုးမြှင့်ထားသည်။



ကလေးပြုစုစောင့်ရှောက်မှုတွင် ဖခင်များ၏ ပါဝင်ပတ်သက်မှုကို အားပေးရန် မီးဖွားပြီးနောက် ဖခင် ရယူနိုင်သည့် သားဖွားခွင့်ရက်သည် ၁၀ ရက်မှ ရက် ၂၀ အထိ တိုးလာမည်ဖြစ်သည်။

ကလေးမွေးပြီးမှသာ မဟုတ်ဘဲ ဇနီးဖြစ်သူ ကိုယ်ဝန်ရှိစဉ်အတွင်း လိုအပ်လာပါက ဖခင်များသည် ခွင့်ယူနိုင်မည်ဖြစ်သည်။


ယွန်းသည် ၎င်း၏သမ္မတသက်တမ်းအတွင်း ဖခင် မီးဖွားခွင့်အတွက် ခွင့်ရက်အသုံးပြုမှုနှုန်းကို ဖခင်များအတွက် ၆.၈ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်နှင့် အမျိုးသမီးများကို ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ထို့အပြင် ကနဦး ၃လအတွက် ကလေးစောင့်ရှောက်ရေးစရိတ် ပေးအပ်ခြင်းကို လက်ရှိတွင် အများဆုံး ဝမ် ၁.၆ သန်း သတ်မှတ်ထားသည်ကို ဝမ် ၂.၅ သန်း ($1,800) သို့ တိုးပေးမည်ဖြစ်သည်။

ဒုတိယ ၃လအတွက် ဝမ် ၂သန်း၊ ၆ လနောက်ပိုင်း ဝမ် ၁.၆ သန်း ထောက်ပံ့ပေးမည်။


အလုပ်ရှင်များသည် မီးဖွားခွင့်များ ပေးရသည့်အတွက် လစ်လပ်နေရာများကို အစားထိုးခန့်ထားရခြင်းအတွက် အစိုးရထံမှ ထောက်ပံ့ကြေး တလလျှင် ဝမ် ၁.၂ သန်း ရယူနိုင်မည်။


 ဒုတိယအနေဖြင့် သမ္မတယွန်းက ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးမှာ အစိုးရတာဝန်ယူမည်ဟု ကတိပြုထားသည်။ ၎င်း၏ သမ္မတသက်တမ်းအတွင်း မွေးစမှ အသက် ၁၁ နှစ်အထိ ကလေးများကို လွှမ်းခြုံပေးသည့် ပြည်သူ့ကလေးစောင့်ရှောက်ရေးစနစ်ကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားမည်ဟု ကတိပြုသည်။

အစိုးရက အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးများအား အခမဲ့ပညာရေးနှင့် စောင့်ရှောက်မှုပေးမည်ဖြစ်သည်။ 


လူဦးရေ ကျဆင်းမှုနှင့် သက်ကြီးရွယ်အိုများကြားတွင် အိမ်တွင်းမှုစောင့်ရှောက်မှုပေးသူ ရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရသည် အစိုးရနှင့်ပုဂ္ဂလိက ပြုစုစောင့်ရှောက်ပေးသူများ ရရှိနိုင်မှုကို သိသိသာသာ မြှင့်တင်ရန် ရည်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် အိမ်ထောင်စု ၃ သိန်းကို ပေးအပ်နိုင်ရန် ရည်မှန်းထားသည်။

လာမည့်နှစ် ပထမနှစ်ဝက်တွင် ပြည်ပအိမ်အကူလုပ်သား ၁၂၀၀ ခေါ်ယူမည်။

နိုင်ငံခြားသား ကျောင်းသူကျောင်းသားများ၊ နိုင်ငံခြားသားလုပ်သားများ၏ အိမ်‌ထောင်ဖက်များကို ပြုစုစောင့်ရှောက်မှုကဏ္ဍတွင် စမ်းသပ်အစီအစဉ်မှာ ၅,၀၀၀ အထိ ပါဝင်လုပ်ကိုင်စေမည်။


ယွန်းက ကြင်စဦးဇနီးမောင်နှံများနှင့် ကလေးရှိသောမိသားစုများအတွက် အိမ်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၏ ကတိကဝတ်ကို အလေးပေးပြောကြားသည်။

မွေးကင်းစအိမ်ထောင်စုများအတွက် အိမ်ရာတိုက်ခန်း ခွဲဝေချထားပေးမှုကို အခန်း ၁၂၀,၀၀၀ အထိ တိုးချဲ့ထားသည်။

အိမ်ထောင်ပြုသူအတွက် အခွန်လျှော့ပေးခြင်း၊ ကလေးအတွက် အခွန်လျှော့ပေးခြင်း တို့ကိုလည်း တိုးချဲ့မည်။ 

Source koreaherald 

#Guide4U 

Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်