ကမ္ဘာ့ထိပ်တန်း စိန်လုပ်ငန်းကြီး De Beers ဓာတုစိန် ထုတ်လုပ်မှုရပ်

 ကမ္ဘာ့ထိပ်တန်း စိန်လုပ်ငန်းကြီး De Beers သည် ဓာတုစိန်များ ထုတ်လုပ်ရောင်းချမည့် အမှတ်တံဆိပ် Lightbox လက်ဝတ်ရတနာလိုင်းသစ်ကို ၂၀၁၈ တွင် စတင်ခဲ့ပြီး ၆ နှစ်အကြာ ၂၀၂၄ မေလကုန်မှာ ဓာတုစိန် ထုတ်လုပ်မှုရပ်လိုက်သည်။


ဓာတုစိန် ထုတ်လုပ်မှု ရပ်လိုက်သော်လည်း လက်ကျန်များ ကျန်ရှိနေသဖြင့် Lightbox သည် ဓာတုစိန်များ ဆက်လက်ရောင်းချနေဦးမည် ဖြစ်သည်။


lab-grown diamond (LGD) ဓာတုစိန်သည် ဈေးပေါသည်။ သာမန် အမြင်အားဖြင့် လည်းကောင်း၊ ဓာတုဗေဒအရလည်းကောင်း သဘာဝစိန် သို့မဟုတ် တူးဖော်ထားသော စိန်များနှင့် ရုပ်ပိုင်းဆိုင်ရာ တူညီသည်။ ထို့ကြောင့် စိန်ဈေးကွက်ထဲ ရောင်းအား ကောင်းသည်။ ဓာတုစိန်ကို အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်နိုင်ပြီး ပုံသဏ္ဍာန်မရွေး သွေးနိုင်ခြင်းကြောင့် ဘက်စုံသုံးနိုင်သည်။


နယူးယောက်အခြေစိုက် စိန် ထိပ်တန်း သုံးသပ်သူ Paul Zimnisky က LGD များသည် စိန်ဈေးကွက်မှာ ၂၀၂၅ ခုနှစ်တွင် စျေးကွက်ဝေစု သုညနီးပါးမှ ယခုအခါ ၂၀% ရှိလာသည်။ ကမ္ဘာ့ဓာတုစိန် ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိသည်။


Source rapaport

#JewelleryIndustryGuide

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး