Fortune’s Southeast Asia 500

 Fortune ၏ အရှေ့တောင်အာရှ ထိပ်တန်း ၅၀၀ အဆင့်သတ်မှတ်ချက် ၂၀၂၄ စာရင်း Fortune’s Southeast Asia 500 ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်သည်။ 


၃၀၂၃ ခုနှစ်ဘဏ္ဍာနှစ် ဝင်ငွေအရ အဆင့်သတ်မှတ်ထားသည်။

ဒေသတွင်း အကြီးဆုံးကုမ္ပဏီများစာရင်း ဖြစ်သည်။


ကမ္ဘာပေါ်တွင် ကြီးထွားမှု အမြန်ဆန်ဆုံးဒေသများထဲမှ တစ်ခုဖြစ်ပြီး ယခုအခါ ဒေသအတွက် Fortune 500 စာရင်းကို ရရှိခြင်းသည် ပစ္စည်းပို့ဆောင်ပေးသွင်း ကွင်းဆက်များ နေရာဒေသ အပြောင်းအလဲများနှင့် ဒေသတွင်းစီးပွားရေးများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အရှေ့တောင်အာရှ၏ ကမ္ဘာ့စီးပွားရေးတွင် အရေးပါမှုကို ထင်ဟပ်စေသည်။



Fortune’s Southeast Asia 500 စာရင်းတွင် အရှေ့တောင်အာရှနိုင်ငံ ခုနစ်နိုင်ငံ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့မှ ကုမ္ပဏီများ ပါဝင်သည်။


Southeast Asia 500 စာရင်းဝင် ကုမ္ပဏီများသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၁.၈ ထရီလီယံ ရရှိခဲ့ပြီး သုံးပုံတစ်ပုံကျော်သည် ထိပ်တန်း(၁၀) စာရင်းဝင် ကုမ္ပဏီများ၏ စုစုပေါင်း ဝင်ငွေ ကန်ဒေါ်လာ ၆၅၀ ဘီလီယံ ဖြစ်သည်။


အင်ဒိုနီးရှားက စာရင်းတွင် ကုမ္ပဏီ ၁၁၀ ပါဝင်ပြီး အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံး ထိုင်းမှ ကုမ္ပဏီ ၁၀၇ ခု၊ တတိယအများဆုံး မလေးရှားမှ ကုမ္ပဏီ ၈၉ ခု ပါဝင်သည်။ စင်ကာပူမှ ကုမ္ပဏီ ၈၄ ခု ပါဝင်သည်။ ဗီယက်နမ် ၇၀ ခု၊ ဖိလစ်ပိုင် ၃၈ ခု၊ ကမ္ဘောဒီးယား ၂ ခုတို့ ပါဝင်သည်။

 

စင်ကာပူအခြေစိုက် တွင်းထွက်၊ သတ္တုနှင့် စွမ်းအင် ကုန်စည်ရောင်းဝယ်သူ Trafigura သည် ရောင်းရငွေ ကန်ဒေါ်လာ ၂၄၄ ဘီလီယံဖြင့် စာရင်းတွင် ၀င်ငွေ အများဆုံး ရရှိသူဖြစ်သည်။ ဝန်ထမ်းအင်အားမှာ ဝင်ငွေထိပ်တန်း{၁၀} စာရင်းတွင် အနည်းဆုံး ဖြစ်သည်။ အမြတ် ဒုတိယအများဆုံး ရရှိသည်။


ထိပ်တန်း(၁၀) ကုမ္ပဏီများတွင် ထိုင်းမှ PTT က ဒုတိယ၊ အင်ဒိုနီးရှားမှ Pertamina က တတိယ နေရာအသီးသီး ရရှိသည်။



ထိပ်တန်း(၁၀) ကုမ္ပဏီများစာရင်းတွင် စင်ကာပူ ကြီးစိုးထားသည်။ Trafigura (၁)၊ Wilmar (၄)၊ Olam (၅)၊ Flex (၈)၊ DBS (၁၀) တို့ ပါဝင်သည်။ 

ထိုင်းမှ CP All (၇) နှင့် ဖိလစ်ပိုင်မှ San Miguel(၉) တို့လည်း ပါဝင်သည်။ 

#IndustriesGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး