ထိုင်းကွန်ဒိုဈေးကွက် ရောင်းအား ဆက်လက် လျော့ကျ

 ထိုင်းကွန်ဒိုဈေးကွက်တွင် မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံသားများပြီးလျှင် ဒုတိယအများဆုံး ဝယ်ယူသူများ ဖြစ်လာသည်။


ယခင်တင်ပြချက်

https://t.me/Guid4U/19031


မြန်မာနိုင်ငံမှ ဝယ်ယူသူ အရေအတွက်သည် အများဆုံး ဝယ်ယူသူအုပ်စုအဖြစ် ဆက်လက်တည်ရှိနေသည့် တရုတ်ဝယ်လက်များနှင့် နှိုင်းယှဉ်ပါက အချိုးအစား အနည်းငယ်သာ ရှိနေဆဲဖြစ်သည်။



ထိုင်းကွန်ဒိုမီနီယံအသင်း ဥက္ကဋ္ဌ Prasert Taedulyasatit က ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာအစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုကြောင့် ရောင်းအားကို ထိခိုက်စေသည်ဟု ဇွန်လ ၁၈ ရက်က ပြောကြားခဲ့သည်။


ယခင်တင်ပြချက်

https://t.me/Guid4U/19430


၎င်းထိန်းချုပ်မှု ဆက်ရှိနေခြင်းကြောင့် ပထမသုံးလပတ် ဆုတ်ယုတ်မှုသည် ဒုတိယသုံးလပတ်တွင် ဆက်လက် ဖြစ်ပေါ်ပြီး အိမ်ခြံမြေဈေးကွက်ကို ပိုမိုဆိုးရွားစေမည်ဟု မျှော်လင့်ရသည်။





ယခုအခါ ထိုင်းကွန်ဒိုဈေးကွက်တွင် နိုင်ငံခြားသား ဝယ်လိုအားသည် အလွန်အရေးပါနေသည်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီ မြင့်မားနေခြင်းနှင့် အိမ်ရာချေးငွေ ထုတ်ချေးရန် ဘဏ်များက ငြင်းပယ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသားများ ကွန်ဒိုအခန်း ဝယ်ယူနိုင်မှု လျော့နည်းနေစဉ် နိုင်ငံခြားသား ဝယ်လိုအားသည် ပိုအရေးပါနေသည်။



• Siamese Asset Public Company Limited ၏ စီအီးအို Kajonsit Singssanern က မြန်မာနိုင်ငံမှ ဝယ်ယူသူများထံ ဈေးကွက်ချဲ့ထွင်ခဲ့ရာ၌ Rama 9 ဧရိယာတွင် ဘတ် ၅ သန်းမှ ၁၀ သန်းကြား စျေးနှုန်းဖြင့် အလုံးရေ ၁၀ လုံးခန့် မကြာသေးမီက ရောင်းချခဲ့သည်ဟု ပြောကြားသည်။ ကုမ္ပဏီအဖို့ အဓိက ဝယ်လက်များမှာ တရုတ်နှင့် ထိုင်ဝမ်တို့မှ ဖြစ်ကြသည်။


ပြည်တွင်းဈေးကွက် အားနည်းနေပြီး ဘတ် ၃ သန်းအောက် အိမ်ခြံမြေများ ငြင်းပယ်နှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနေစဉ် ကုမ္ပဏီသည် နိုင်ငံခြားဝယ်လက်များအပေါ် အကြီးအကျယ် အားကိုးအားထားပြုနေရသည်။

“အကြောင်းရင်းအမျိုးမျိုးကြောင့် ထိုင်းစီးပွားရေးက မကောင်းဘူးဆိုတာ ကျွန်တော်တို့ ဝန်ခံရပါမယ်။ အဓိကပြဿနာက အိမ်ထောင်စုကြွေးမြီ မြင့်မားနေတာကြောင့် အိမ်ခြံမြေကဏ္ဍအပါအဝင် ကဏ္ဍအားလုံးမှာ ဝယ်ယူနိုင်စွမ်းအားကို ထိခိုက်နေတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ယခုနှစ် GDP တိုးတက်မှုနှုန်း ၃% ရရှိရန် ခရီးသွားကဏ္ဍကသာ အထောက်အကူဖြစ်ပုံရပြီး အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ 

ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ထောက်ပံ့မည့် အစီအစဉ်ကို ယခုနှစ်ကုန်တွင် စတင်မည်ဆိုပါက အထောက်အကူဖြစ်နိုင်သော်လည်း ၎င်းသည် မသေချာသေးဟု Kajornsit က ပြောသည်။

 

• Pruksa Real Estate Public Company Limited ၏ စီအီးအို Piya Prayong က "ကုမ္ပဏီက အခုမှပဲ စျေးကွက်ထဲကို ဝင်တာဆို‌တော့ Pruksa မှာ မြန်မာဝယ်လက် သိပ်မရှိသေးပါဘူး"ဟု ပြောကြားသည်။ သို့ဖြစ်ရာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာအစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုကြောင့် ကုမ္ပဏီအနေဖြင့် သိသိသာသာ ထိခိုက်မှု မရှိကြောင်း၊ ထိုင်ဝမ်နှင့် တရုတ်ကဲ့သို့သော အခြားဈေးကွက်များကို လေ့လာစူးစမ်းနေကြောင်း ၎င်းက ပြောသည်။ 


စီးပွားရေး နှေးကွေးမှုနှင့် အိမ်ရာဝယ်ရန် ချေးငွေ လျှောက်လွှာများကို ဘဏ်များက ပယ်ချမှုနှုန်း ၄၀%အထိ မြင့်မားလျက်ရှိသော ဘဏ်ချေးငွေပြဿနာတို့ ယခင်အတိုင်း ဆက်ရှိနေခြင်းကြောင့် ပြီးခဲ့သည့် ငါးလအတွင်း အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူမှု အားနည်းခဲ့သည်။

အစိုးရ၏ ဆောင်ရွက်မှုများသည် သိသိသာသာ အထောက်အကူ မဖြစ်သဖြင့် ကွန်ဒိုတိုက်ခန်း ရောင်းအား မျှော်လင့်ထားသည်ထက် အနည်းငယ် ကျဆင်းသွားသည်။

“ဒါကြောင့် ဘတ်ငွေ သန်း ၄၀ နဲ့ ၄၀ ကြား ရှိတဲ့ အရည်အသွေးမြင့် အိမ်ရာတွေ ပါ၀င်လာအောင် ကျွန်တော်တို့ တိုးချဲ့ခဲ့ပါတယ်။ ထိုင်းစီးပွားရေး တစ်ခုလုံးအတွက် ဂျီဒီပီ တိုးတက်မှု ၃% ရရှိလိုပါက အစိုးရ အနေဖြင့် အလွန် ကြိုးစား ဆောင်ရွက်ရပါလိမ့်မယ်။ ပထမသုံးလပတ်မှာ တိုးတက်မှုနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ပို့ကုန်များ တင်ပို့မှု အခြေအနေ မကောင်းနိုင်သေးတဲ့အတွက် နိုင်ငံ့စီးပွားရေးထဲ ငွေသား သွန်ထည့်ပေးခြင်းနှင့် နှိုးဆွမှု အစီအမံများ ပိုမိုလိုအပ်ပါတယ်။ ခရီးသွားလုပ်ငန်းကဏ္ဍ တခုတည်းအပေါ် အားပြုထားရင် လုံလောက်မှာ မဟုတ်ဘူး"ဟု Piya က ပြောကြားသည်။



• Origin Property Public Company Limited ၏ လုပ်ငန်းခွဲဖြစ်သော Origin Vertical Corporation Limited ၏ ပူးတွဲစီအီးအို Apisith Sunthornchukeat က ပြောကြားသည်မှာ နိုင်ငံခြားသား ဝယ်လက်များအတွက် စျေးကွက်သည် တစ်ခုလုံးအနေဖြင့်ခြုံငုံကြည့်ပါက ကောင်းမွန်နေဆဲဖြစ်သည်။ အထူးသဖြင့် တရုတ်ဝယ်လက်များ ဆက်လက် ရင်းနှီးမြုပ်နှံနေကြဆဲ ဖြစ်သည်။ မြန်မာအစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုကြောင့် မြန်မာအတွက် ဈေးကွက်အပိုင်းအကန့်သည် အဝယ်နှေးကွေးသွားခဲ့သည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်း၏ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်။ ထိုင်ဝမ်၊ အိန္ဒိယ၊ ဥရောပနှင့် အမေရိကကဲ့သို့ စျေးကွက်သစ်များသို့ တိုးချဲ့သည်။

Source khaosodenglish

#ConstructionIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်