MPT က “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်ဖြင့် နိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၁,၅၀၀ ကျော် ကို စိုက်ပျိုးခဲ့

 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းစိုပြေစေရန် အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၂) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နေရာ (၁၃) ခု ၌ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။


MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်က ကြီးမြန် အရိပ်ရပင်နှင့် သီးပင်များ အပါအဝင် သစ်ပင်ပေါင်း ၁,၅၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။ အဆိုပါ သစ်ပင်များကို ရွေးချယ်ရာတွင် စိုက်ပျိုးရာဒေသရှိ အများပြည်သူတို့ အရိပ်ရရှိနိုင်ရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုအမြတ်ကောင်းများ ရစေနိုင်ရန် အထူးရည်ရွယ်ပြီး ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ပါသည်။ သဘာဝဘေးဒဏ်ကို ခံနိုင်ပြီး အကျိုးရှိသော သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ပတ်ဝန်းကျင်နှင့် လူအများ၏ ကျန်းမာရေးအပေါ်သို့ ကောင်းကျိုးရရှိ နိုင်စေရန်လည်း ရည်ရွယ်ပါသည်။


“စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်ကိုစတင် မိတ်ဆက်ခဲ့သည် အချိန်မှစတင်၍ MPT သည် နိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၁၈,၅၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်အဆိုပါပမာဏ၌ စုစုပေါင်း သစ်ပင်အသစ် ၁,၅၁၈ ကို ထပ်မံပြီးတိုးတက် စိုက်ပျိုး လိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။ ယခုလို စဉ်ဆက်မပြတ် ဆောင်ရွက်မှုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ချဉ်းကပ်ဆောင်ရွက်မှအပေါ်၌ မိမိတို့၏ အားထုတ်မှုကို မီးမောင်းထိုး ပြနေပါသည်။ ဒေသဆိုင်ရာ ဂေဟစနစ်များ မြှင့်တင်နိုင်ရန် စုပေါင်းကြိုးပမ်းမှုကို ဖော်ပြနေသည့် နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ရုံး (၁၃) ရုံးမှ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှုမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။






နောင်အနာဂတ်တွင်လည်း MPT သည် “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” ဆိုသည့် ကတိကဝတ်အတိုင်း မြန်မာနိုင်ငံ အတွင်း ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင်ကို အထောက်အပံ့ဖြစ်စေနိုင်မည့် လုပ်ဆောင်ချက်များကို အစဉ်တစိုက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MPT ၏ လက်ရှိ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုနှင့် အနာဂတ်မျိုးဆက်သစ် များအတွက် ပိုမိုကောင်းမွန်သောကမ္ဘာတစ်ခု ဖန်တီးလိုသည့် ဆန္ဒများကို ထပ်ဟပ်စေပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍
တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။









Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်