ကမ္ဘာ့ကွန်တိန်နာသင်္ဘော စုစုပေါင်း ပမဏ TEU ၃ သန်းသို့ ရောက်ရှိ

 ပင်လယ်ရေကြောင်း အတိုင်ပင်ခံလုပ်ငန်း Alphaliner ၏ အချက်အလက်များအရ ကမ္ဘာ့တလွှား ကွန်တိန်နာသင်္ဘောများ အားလုံး၏ တင်ဆောင်နိုင်သော စုစုပေါင်းပမာဏသည် teu သန်း၃၀ သို့ ကွန်တိန်နာသင်္ဘောသမိုင်းတလျှောက် ပထမဆုံးအကြိမ် ရောက်ရှိလာသည်။

[teu Twenty-foot equivalent unit ပေ ၂၀ အရှည်ရှိ ကွန်တိန်နာနှင့် ညီမျှသော ပမာဏ]


တရုတ်နှင့် တောင်ကိုရီးယား အပါအဝင် အာရှမှ သင်္ဘောကျင်းများသည် ကွန်တိန်နာသင်္ဘောအသစ်များ စံချိန်တင်ပမာဏဖြင့် တည်ဆောက်ပေးလျက် ရှိသည့်အလျောက် တင်ဆောင်နိုင်သော စုစုပေါင်း teu ကြီးထွားနှုန်းသည်လည်း စံချိန်တင် မြန်ဆန်သည်။


သမိုင်းကြောင်းကို ပြန်ကြည့်လျှင် teu ၅ သန်းသို့ ၂၀၀၁ ခုနှစ်တွင် ရောက်ရှိခဲ့ရာ၌ နှစ်ပေါင်း ၅၀ ဝန်းကျင် ကြာခဲ့သည်။

teu သန်း ၂၀ မှ သန်း၃၀ သို့ရောက်ရန် ၇ နှစ်သာ ကြာသည်။

teu သန်း ၃၀ မှ ၃၅ သန်းရောက်ရန် ပိုမြန်လိမ့်မည်။

ယခုနှစ်တွင် သင်္ဘောကျင်းများမှ စုစုပေါင်း teu ၃.၁ သန်းရှိသည့် ကွန်တိန်နာသင်္ဘော ၄၇၈ စီး တည်ဆောက်ပြီးစီးမည်။ 

သင်္ဘောကျင်းများမှာ အမှာစာ ချပေးထားသည့် ပမာဏ အများအပြား ကျန်ရှိနေသေးသည်။ တရုတ်သင်္ဘောကျင်းများတွင်၂၀၂၉ ခုနှစ်အထိ အမှာစာ ပြည့်သွားပြီ ဖြစ်သည်။

Source splash247

#LogisticsIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး