ဗိုယား၏ ဈေးအသက်သာဆုံး မော်ဒယ် Zhiyin EV
ခရီးတာ ၉၀၁ ကီလိုမီတာအထိ ရသော Zhiyin လျှပ်စစ် SUV သည် ဗိုယား၏ စတုတ္ထမြောက် မော်ဒယ်ဖြစ်ပြီး ဗိုယားသည် ရောင်းအားမြှင့်တင်ရန် ဈေးအနိမ့်ပိုင်းအတွက် ထုတ်လုပ်သည့် မော်ဒယ်ဖြစ်သဖြင့် ဗိုယား မော်ဒယ်များတွင် ဈေးအသက်သာဆုံး ဖြစ်လိမ့်မည်။
ဗိုယားသည် ဒေါင်ဖန်း လက်အောက်ရှိ ဈေးအမြင့် NEV အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး Free SUV, Dream MPV, Passion (Zhuiguang) ဆီဒင် မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားသည်။
၂၀၂၄ ပထမ ၅ လတာတွင် ဗိုယားသည် တရုတ်ပြည်တွင်းဈေးကွက်မှာ ၂၄,၈၆၈ စီး ရောင်းချခဲ့သည်။
ဒေါင်ဖန်း၏ Voyah Zhiyin ကို ဒေါင်ဖန်း နီဆန်း ဖက်စပ်လုပ်ငန်း၏ တရုတ်ပြည် ဝူဟန်ရှိ Nissan Ariya EV ထုတ်လုပ်လျက်ရှိသည့် ကားစက်ရုံတွင် တပ်ဆင်ထုတ်လုပ်မည်။ စက်ရုံလည်ပတ်စရိတ် တွက်ခြေကိုက်အောင် မော်ဒယ် ၁ ခု ထပ်တိုးပေးပြီး မော်ဒယ် ၂ ခု အပြိုင်ထုတ်လုပ်မည် ဖြစ်သည်။
ယခင်တင်ပြချက်
မူလ ဗိုယား ကားစက်ရုံသည်လည်း ဝူဟန်တွင် တည်ရှိသည်။ ၎င်းစက်ရုံတွင် လက်ရှိမော်ဒယ်များကိုသာ ထုတ်လုပ်မည်။
Voyah Zhiyin တွင် CATL မှ ထုတ်လုပ်သည့် 109-kWh ternary NMC ဘက်ထရီထုပ် အသုံးပြုထားသည်။ ထို့ပြင် ဈေးသက်သာသည့် LFP ဘက်ထရီဖြင့်လည်း ထုတ်လုပ်ပေးမည်။
Zhiyin သည် ဗိုယားနှင့် ဟွာဝေးတို့ ပူးတွဲလုပ်ကိုင် ထုတ်လုပ်ထားသည့် အလယ်အလတ် အရွယ်အစား crossover ဖြစ်သည်။
အရွယ်အစားမှာ
• အလျား 4725 mm
• အကျယ် 1900 mm
• အမြင့် 1636 mm
• ခါးအလျား 2900 mm
မော်တာ တလုံးတပ် အီးဗီဖြစ်ပြီး 215 kW (288 hp) နှင့် 230 kW (308 hp) ဗာရှင်း နှစ်မျိုး ရှိမည်။
Huawei Qiankun စနစ်နှင့် HarmonyOS တင်ပေးထားသည်။
ယခုနှစ် စတုတ္ထသုံးလပတ်တွင် ထုတ်လုပ်မည်။
ခန့်မှန်းရောင်းဈေး ယွမ် ၂ သိန်း (27,550 USD)
Source: IThome, Weibo
#AutomobileIndustryGuide
Comments
Post a Comment