အနာဂတ် ပရိုတင်း စပါးအုံးမြွေ

 ထိုင်းနိုင်ငံအလယ်ပိုင်း စိမ်းလန်းစိုစွတ်စိုစွတ်သော လယ်မြေများအတွင်းရှိ ဂိုဒေါင်တစ်ခုတွင် ထောင်ချီသော စပါးအုံးမြွေများကို မှန်လှောင်အိမ်များဖြင့် မွေးမြူထားသည်။ 

ခါးပတ်၊ အိတ်နှင့် လက်ကိုင်အိတ်များ ထုတ်လုပ်ရန်အတွက် မြွေရေခွံ ဝယ်ယူသည့် ဈေးအမြင့်တန်း ဥရောပဖက်ရှင်လုပ်ငန်းများသို့ စိန်ကွက် မြွေရေခွံများကို ရောင်းချကြသည်။

ထို့ပြင် မြွေသားကိုလည်း ရောင်းချကြသည်။


မြွေများသည် မြင့်မားသောအပူချိန်နှင့် မိုးခေါင်မှုကို ခံနိုင်ရည်ရှိသည်။ မျိုးပွားသည်မှာလည်း မြန်သည်။ ကြီးထွားနှုန်းလည်း မြန်သည်။ ကျွေးရသည့် အစာ နည်းသည်။


တရုတ်နှင့် ဗီယက်နမ်တို့တွင် စပါးအုံးမြွေ မွေးမြူရေးစခန်း ခန့်မှန်းခြေအားဖြင့် အနည်းဆုံး ၄,၀၀၀ ရှိသည်။ ဖက်ရှင်လုပ်ငန်းများအတွက် မြွေရေခွံများ အ‌မြောက်အမြား ထုတ်လုပ်ပေးလျက်ရှိသည်။


သုတေသီတို့သည် ဗီယက်နမ်နှင့် ထိုင်းတို့တွင် ဗမာစပါးအုံးမြွေ အပါအဝင် အကောင် ၅,၀၀၀ နီးပါးကို တနှစ်ကြာ လေ့လာခဲ့ကြပြီး Nature ဂျာနယ်တွင် စာတမ်းတင်ပြသည်။


စပါးအုံး မွေးမြူခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ မလုံလောက်မှုကို ဖြေရှင်းရန် ထိရောက်သော နည်းလမ်းတခု ဖြစ်သည်ဟု စာတမ်းတွင် အကြံပြုထားသည်။


၎င်းတို့သည် အစာလုံးဝမရှိ၊ ရေမရှိ လနှင့်ချီပြီး အခြေမပျက် ဆက်လက်အသက်ရှင်နိုင်ကြသည်ဟု သုတေသနတွင် ပါဝင်သူ African Institute of Applied Herpetology မှ ဒ့ရိုက်တာ Patrick Aust က ပြောကြားသည်။


စပါးအုံးမြွေများကို ကြက်သားမှ စွန့်ပယ်သည့် အပိုင်းများ၊ မြေကြွက်များ ကျွေးသည်။ ကျွေးရသည့်အစာနှင့် အသားတိုးသည့် အချိုးအစားသည် ကြက်၊ နွား၊ ပရစ် စသည်တို့ထက် သာသည်။


ထိုင်းနိုင်ငံ ဥတရာဒစ် ပြည်နယ်တွင် Emilio Malucchi သည် စပါးအုံး အကောင် ၉,၀၀၀ ဝန်းကျင်ကို မွေးမြူထားသည်။ အရေခွံကိုသာ ရောင်းချရပြီး အသားအတွက် ဈေးကွက်မရှိသဖြင့် လွှင့်ပစ်ရသည်။ အချို့အဝက်ကို ငါးကန်များသို့ အစာအဖြစ် ရောင်းချသည်။

လူအများ မြွေသား ဝယ်စားနိုင်ရန် ဈေးကွက်ရှိဖို့လိုသည်ဟု ၎င်းက ပြောသည်။


Source AFP

#FoodIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး