စွမ်းဆောင်ရည်မြင့်မားသည့် Galaxy AI လုပ်ဆောင်ချက်များအား Galaxy Z Fold6 | Z Flip6 တို့ပေါ်၌ ကိုယ်တိုင်စမ်းသပ်ခံစားနိုင်စေရန် Galaxy Experience Space အား ၂ ရက်တိုင်တိုင် ဖွင့်လှစ်ပေးခဲ့

 မကြာသေးမီက အသစ်မိတ်ဆက်ခဲ့သည့် Galaxy Z Series နှင့်အတူ ထွက်ရှိလာသည့် စွမ်းဆောင်ရည်မြင့် Galaxy AI လုပ်ဆောင်ချက်အသစ်များအား Galaxy Z Fold6 | Z Flip6 တို့ပေါ်၌ ကိုယ်တိုင်စမ်းသပ်ခံစားနိုင်စေရန်အတွက် Samsung Myanmar မှ Galaxy Experience Space အား Junction City (Promotion Area) ၌ နှစ်ရက်တိုင်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

Galaxy Experience Space ၌ လူအများစိတ်ဝင်စားသည့် Galaxy AI လုပ်ဆောင်ချက် တစ်ခုချင်းစီအား ကိုယ်တိုင်စမ်းသပ်နိုင်စေရန် Experience Booth များထားရှိပေးထားသည့်အပြင် Social Influencer များဖြစ်သည့် HAK Vlogs, Carrieland, Audrey Wai တို့မှလည်း Galaxy AI လုပ်ဆောင်ချက်ဆိုင်ရာ ဗဟုသုတများ မျှဝေရင်း Galaxy AI ၏ လက်တွေ့ကျ အသုံးဝင်မှုများကို ပရိတ်သတ်များ နှင့်အတူ စမ်းသပ်ပြသခဲ့ကြပါသည်။ အထူးဖျော်ဖြေရေး အစီအစဥ်အနေနှင့် နာမည်ကျော် အဆိုတော်များ ဖြစ်သည့် စန္ဒီမြင့်လွင်၊ ဘန်နီဖြိုး၊ Project K တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြပါသည်။

ခရီးသွားရာ၌ လွန်စွာအသုံးဝင်သည့် Galaxy AI လုပ်ဆောင်ချက်များဖြစ်သော မိမိသိရှိလေ့လာလိုသည့် နေရာအား ဓာတ်ပုံထဲတွင် ဝိုင်းလိုက်ရုံဖြင့် ထိုနေရာဒေသဆိုင်ရာ အကြောင်းအရာ အလုံးစုံကို ပြသပေးနိုင်သည့် Circle To Search၊ ဘာသာစကားမတူသူများနှင့် ပြောဆိုဆက်ဆံရာတွင် ဖုန်းမျက်နှာပြင်နှစ်ခုလုံး၌ ဘာသာပြန်ဆိုမှုများကို ပြသပေးနိုင်သည့် AI Interpreter၊ creative အဖြစ်ဆုံး အမှတ်တရဓာတ်ပုံများကို ဖန်တီးနိုင်စေမည့် Flex Cam၊ မိမိ၏ ဓာတ်ပုံများအား ရေဆေး၊ ကာတွန်းကာရိုက်တာ စသဖြင့် တမူထူးခြားသည့် ရုပ်ပုံများရရှိစေရန် အလိုအလျောက်ဖန်တီးပေးနိုင်မည့် Personalized AI Portrait Studio စသည့် လုပ်ဆောင်ချက်များအား Experience Booth တစ်ခုချင်းစီ၌ စမ်းသပ်နိုင်ရန် စီစဥ်ပေးထားပါသည်။ လာရောက်စမ်းသပ်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့် အဆိုပါ လုပ်ဆောင်ချက် ၄ ခုလုံး စမ်းသပ်ပြီးသူများ အား အမှတ်တရ ဆုလက်ဆောင်များလည်း ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့အပြင် Galaxy Z Fold6 | Z Flip6 Pre-order မှာယူသူများ ကံစမ်းရယူနိုင်မည့် Samsung Myanmar နှင့် ပြည်သူချစ်အနုပညာရှင် အိန္ဒြာကျော်ဇင်တို့ ပူးပေါင်းဖန်တီး ထုတ်လုပ်ထားသည့် Limited Edition Bag များကိုပါ မိတ်ဆက်ကာ booth အတွင်း ထားရှိပြသပေးထားသည့်အပြင် Galaxy Experience Space သို့ လာရောက်စမ်းသပ်လေ့လာရင်း Pre-order မှာယူမည့်သူများအတွက် Awei Metta Staycation Package များလည်း စီစဥ်ပေးထားသည်။ Galaxy Z Fold6 | Z Flip6 နှင့် အခြား Galaxy ထုတ်ကုန်သစ်များဖြစ်သည့် Galaxy Watch7, Buds3, Buds3 Pro တို့အား ဇူလိုင်လ ၃၀ ရက်နေ့အထိ http://smsng.co/GalaxyZseries-pre-social ၌ အထူးဈေးနှုန်းများဖြင့် မှာယူနိုင်မည်ဖြစ်ပါသည်။

Galaxy Z Fold6 | Z Flip6 နှင့် Galaxy AI ဆိုင်ရာ သတင်းအချက်အလက်များ၊ Pre-order အထူးအကျိုးခံစားခွင့်များအား ထပ်မံသိရှိလိုပါက Samsung Showroom များတွင်ဖြစ်စေ၊ Samsung Myanmar Facebook Page တွင်ဖြစ်စေ အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်