Galaxy Z Fold6/ Z Flip6 Pre-Order မှာယူသူများအတွက် Samsung နဲ့ ပြည်သူချစ် အနုပညာရှင် အိန္ဒြာကျော်ဇင်တို့ ပေါင်းစပ်ဖန်တီးထားတဲ့ Limited Edition Bag

 Samsung Myanmar နှင့် ပြည်သူချစ်အနုပညာရှင် အိန္ဒြာကျော်ဇင်တို့၏ အတူပူးပေါင်း၍ ဖန်တီးထုတ်လုပ်ထားသည့် Limited Edition Bag များကို အသစ်ထွက် Galaxy Z Fold6, Z Flip6 ကြိုတင်မှာယူသူ (Pre-Order) များအတွက် ကံစမ်းရယူခွင့်ပေးသွားမည်ဖြစ်သည်။

ရဲရင့်သည့် Girl Boss အသွင် Inspiration ရယူထားသည့် Galaxy Z Fold Series Limited Edition Bag နှင့် လန်းဆန်းတက်ကြွသည့် Y2K အသွင်ကို မှီငြမ်းထားသည့် Galaxy Z Flip6 Series Limited Edition Bag များအား ဖုန်းနှင့် Galaxy Buds ထည့်သွင်းနိုင်စေရန် ဖန်တီးပေးထားသည့်အပြင် မိမိနှင့်တစ်ပါတည်း ယူဆောင်သွားလိုသည့် ပစ္စည်းများ ချိတ်ဆွဲနိုင်ရန်အတွက်လည်း ပြုလုပ်ပေးထားသည်။ အိတ်ကြိုးတွင် ချိတ်ဆွဲနိုင်စေရန် မှာယူသည့်သူ၏ နာမည်အစ စာလုံးအားလည်း customize ပြုလုပ်ကာ ထည့်သွင်းပေးထားမည်ဖြစ်သည့်အတွက် တမူထူးခြားသည့် အိတ်အဖြစ် အသုံးပြုသူများထံ ရောက်ရှိလာမည်ဖြစ်သည်။ အဆိုပါ Limited Edition Bag များအား စိတ်ဝင်စားရယူလိုသူများအနေနှင့် ပါဝင်နိုင်မည့် နည်းလမ်းအသေးစိတ်ကို smsng.co/GalaxyZseries-exclusivebag တွင်ဖြစ်စေ၊ smsng.co/GalaxyZseries-pre-social တွင်ဖြစ်စေ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

.

.

.


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး