MPT က (၁၀)နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်များ ဖြစ်သည့် ၁၀၀၀ ကျပ်တန် 10GB ဒေတာပက်ကေ့ချ် နှင့် အထူးထိပေါက်ပက်ကေ့ချ် များကို မိတ်ဆက်
MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် “၁၀ နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်” နှင့် “၁၀ နှစ်ပြည့် အထူးထိပေါက်ပက်ကေ့ချ်” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
အဆိုပါ အထူးပက်ကေ့ချ်များသည် MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးအပ်လျက်ရှိသည့် ပရိုမိုးရှင်း အစီအစဉ် (၁၀) ခုထဲတွင် အပါအဝင် ဖြစ်ပြီး MPT သုံးစွဲသူများအားလုံးသည် (၁,၀၀၀) ကျပ်တည်းဖြင့် ပက်ကေ့ချ်များကို မိမိကြိုက်နှစ်သက်ရာနည်းလမ်းများမှ ဝယ်ယူပြီး အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ အဆိုပါ အထူးပက်ကေ့ချ်များအပြင် သုံးစွဲသူများသည် *5555# သို့ အခမဲ့ ခေါ်ဆိုစာရင်းသွင်းပြီး MPT ၏ လစဉ် Special Flash ပရိုမိုးရှင်း အစီအစဉ်တွင်လည်း ပါဝင်နိုင်ပါသည်။
ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင် သည် အထူးဆု ကျပ် သိန်း (၁,၀၀၀)ဆု (၁) ဆု နှင့် လစဉ် ကျပ် သိန်း (၁၀၀) ဆုကို ကံထူးနိုင်မည့် အခွင့်အရေးဖြစ်သည်။
MPT သုံးစွဲသူများသည် အဆိုပါအထူးဒေတာပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ ပက်ကေ့ချ်များ၏ လက်ကျန်ဒေတာများ ပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးဝယ်ယူထားသော ပက်ကေ့ချ်၏ သက်တမ်းအတိုင်း သက်တမ်းတိုး အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် အဆိုပါ ပက်ကေ့ချ်များကို USSD (*106#) နှင့် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် အခြားသူများသို့ လက်ဆောင်ပေးအပ်နိုင်ပါသည်။
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ ကျွန်တော် တို့အနေနဲ့ MPT ဝန်ဆောင်မှုကို ကာလရှည်ကြာစွာ သုံးစွဲတဲ့သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “ (၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” အစီအစဉ်ကို ဇူလိုင်လကစပြီး ဆောင်ရွက်ပေးထားပါတယ်။ ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေအတွက် ထူခြားတဲ့ အကျိုးခံစားခွင့်တွေနဲ့ အတူ ၁,၀၀၀ ကျပ်တည်း နဲ့ 10 GB ဒေတာ ကို ရရှိနိုင်မယ့် “၁၀ နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်” တွေကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်ကြည်နူးမိပါတယ်။ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် LTE ကွန်ရက်ကတစ်ဆင့် ဖျော်ဖြေရေး၊ သင်ယူလေ့လာရေး နဲ့ အင်တာနက်အသုံးပြုခြင်းတွေအတွက် ဒေတာအသုံးပြုမှုတွေကို “၁၀ နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်” နဲ့ဆို စိုးရိမ်ကြောင့်ကြစရာမလိုဘဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအထူး အခွင့်အရေးနဲ့အတူ ငွေသားကံစမ်းဆုလက်ဆောင်တွေကို အရယူကြဖို့ တိုက်တွန်းလိုက်ပါရစေ။”
MPT က သုံးစွဲသူများအနေဖြင့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကျန်ရှိနေသေးသည့် အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆု (၁) ဆု နှင့် လစဉ်တိုင်းအတွက် ကျပ် သိန်း (၁၀၀) ဆု (၁၀) ဆု ကံထူးခွင့်ကို ရရှိခံစားနိုင်ရန်အတွက် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်တွင် ပါဝင်ကြရန် တိုက်တွန်း လိုက်ရပါသည်။ အသေးစိတ်အချက်အလက်များကို https://mpt.com.mm/mm/mpt-10th-year-promotion/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဇူလိုင်လအတွက် ကံထူးရှင်များကို MPT ၏ ဆိုရှယ်မီဒီယာများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၇ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၀ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။
Comments
Post a Comment