reborn baby doll ဖန်တီးရှင်

 အသက် ၅၀ နှစ်အရွယ် Andrea Lee သည် တကယ့်ကလေးနှင့်မခြား တကယ့်ကလေးဟု ထင်မှတ်မှားရသည့် reborn baby doll များ ပြုလုပ်ရောင်းချသူ ဖြစ်သည်။

သူမ ဖန်တီးသည့် ကလေးအရုပ်များသည် လက်ရာမြောက်သဖြင့် ကမ္ဘာတလွှားမှ အရုပ်စုဆောင်းသူတို့ ဝယ်ယူကြသည်။ သူမအနေဖြင့် တနှစ်လျှင် ၂၆ ရုပ်ခန့်သာ ထုတ်လုပ်ပေးနိုင်သည်။


Lee သည် ကလေးအရုပ်များ ပြုလုပ်ပြီး ရောင်းချခြင်းကို ၂၀၂၁ ဇူလိုင်တွင် စတင်ခဲ့ရာ Facebook တွင် ပို့စ်တင်ပြီး ရောင်းချခဲ့သည်။



ရောင်းချသူများကြားတွင် သူမ၏ မွေးကင်းစက‌လေး reborn အရုပ်များသည် သဘာဝ အကျဆုံး၊ အသေးစိတ် အဖြစ်ဆုံး၊ လက်တွေ့အကျဆုံးဖြစ်သည်ဟု reborn-doll စုဆောင်းသူ အသက် ၄၀ နှစ်ရှိ Jessica Wu က ပြောကြားသည်။ သူမသည် Lee နေထိုင်သည့် စင်ကာပူမှ ဝယ်နေကျ ဖောက်သည်တဦး ဖြစ်သည်။


Lee သည် ကလေးအရုပ်ကို ဗီနိုင်းနှင့် စီလီကွန် ၂ မျိုးစလုံးဖြင့် လုပ်ပေးနိုင်သည်။ 

ဗီနိုင်းအရုပ်သည် US$400 မှ US$4,000 အထိ အစားစား ရှိသည်။

စီလီကွန်အရုပ်သည် US$4,000 မှ US$10,000 အထိ ရှိသည်။


ကလေး အရုပ်သည် reborn ဖြစ်မလာခင် အဆင့် ၃ ဆင့် ရှိသည်။

ဖန်တီးခြင်း၊ အသေးစိတ်ခြယ်သခြင်း၊ ဝတ်ဆင်ခြင်းတို့ ဖြစ်သည်။


ပထမဆုံးအဆင့် ဖန်တီးခြင်းတွင် အရုပ်ကို အကြမ်းထည်အဖြစ် ပန်းပုသမားက ဖန်တီးသည်။

ဒုတိယအဆင့်တွင် ခြယ်သသူထံ ပေးပို့ပြီး ခြယ်သသည်။ ၎င်းကို စံနမူနာယူပြီး နောက်ထပ် အရုပ်များကို ခြယ်သမည် ဖြစ်သည်။


ပန်းပုသမားတို့သည် လက်ရာအလွန်ကောင်းသည့် ခြယ်သသူတို့ထံ အလုပ်အပ်နှံကြသဖြင့် ခြယ်သသူအဖြစ် ရွေးချယ်ခံရခြင်းသည် ဂုဏ်ရှိသည်။

"အဲဒါဟာ ဂုဏ်ယူစရာကြီးပါ"ဟု Lee က ပြောသည်။


အခြားနည်းလမ်းတမျိုးမှာ ခြယ်သသူက ပန်းပုသမားများထံမှ အရုပ်များ ဝယ်ယူပြီး ဆေးခြယ်သခြင်း ဖြစ်သည်။ ထိုအခါ ‌ခြယ်သသူသည် reborn ထုတ်လုပ်သူ ဖြစ်သည်။ 


Lee သည် ထုတ်လုပ်သူအဖြစ် လုပ်ကိုင်သည့် ခြယ်သသူ ဖြစ်သည်။

အရုပ်ကို ခြေ၊ လက်၊ ခေါင်း၊ ကိုယ် တပိုင်းစီ ရရှိသည်ကို အခံဆေး ပရိုင်းတင်ရသည်။ ခပ်ပါးပါး ပရိုင်းတလွှာခံရခြင်းသည် အပြီးသတ် ခြယ်သသည့် ဆေးများ စွဲမြဲစေရန် ဖြစ်သည်။ ပရိုင်းတင်ပြီးလျှင် အပူပေးပြီး ပရိုင်းဆေးအလွှာ ဆေးခိုင်အောင်ပြုသည်။

နောက်တဆင့်တွင် အသေးစိတ် ခြယ်သရသည်။ ထို့အတွက် အချိန် ၃ ပတ်မှ ၆ ပတ်အထိ ကြာသည်။ မွေးကင်းစကလေး အရေပြား နီတာတာ ရအောင် ခြယ်သရသည်။


ထို့နောက် ဆံပင်မွေးများ စိုက်ရသည်။ တပင်ချင်း စိုက်ရသည်။ အလုပ်လုပ်ချိန် နာရီ ၄၀ အထိ ကြာသည်။ 



ထို့နောက် အရုပ်အခေါင်းပွထဲသို့ တကယ့်ကလေး၏ ကိုယ်အလေးချိန် ရှိနေအောင် ဖန်ပုတီးလုံးများ ထည့်ပေးသည်။ 

ထို့နောက် နောက်ဆုံးအဆင့် အဝတ်အစား မြဲနေအောင် တပ်ဆင်ပေးသည်။

ကလေးအဝတ်အထည်ဆိုင်မှ တကယ့်ကလေးအဝတ်အထည်များကို အသုံးပြုသည်။ 



ထို့နောက် ဓာတ်ပုံရိုက်ပြီး ဝဘ်ဆိုက်မှာ တင်ပြကာ ရောင်းချသည်။


Source cna

#Guide4U 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်