Samsung Myanmar ရဲ့ Galaxy Campus Friends 2.0 Program အတွက် နောက်ဆုံး ဆန်ကာတင် အယောက် (၂၀) နဲ့ Samsung Innovation Campus 2024 ကို တက်ရောက်ခွင့်ရရှိတဲ့ လူငယ် အယောက် (၅၀) ထွက်ပေါ်လာ

  •  Samsung နဲ့အတူ ကိုယ်ပိုင် အိပ်မက်များကို အကောင်အထည်ဖော်ရင်း ရည်မှန်းချက်ပန်းတိုင်များကို အရောက်လှမ်းနိုင်မယ့် Galaxy Campus Friends 2.0 အတွက် Finalists အယောက် (၂၀) ဦး ‌ရွေးချယ်
  • AI Comprehensive Training ကို အခမဲ့တက်ရောက်ခွင့်ရပြီး AI Hackathon ပြိုင်ပွဲမှာ ပါဝင်ရင်း Prize Pool ကျပ်သိန်း (၆၀) အထိ ပိုင်ဆိုင်နိုင်ခွင့်ရမယ့် လူငယ် (၅၀) ဦး ပေါ် ထွက်လာ

 

ဆန်းသစ်တီထွင်မှုတွေနဲ့ ကမ္ဘာ့နည်းပညာလောမှာ ဦးဆောင်နေသလို လူမှုအကျိုးပြု လုပ်ငန်းတွေကို အစဉ်တစိုက် ပြုလုပ်ပေးလျက်ရှိတဲ့ Samsung ဟာ အခုတစ်ခါမှာလည်း မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနေတဲ့ အစီအစဉ်ကောင်းတွေကို ပြုလုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ ပြုလုပ်ပေးလျက်ရှိတဲ့ Galaxy Campus Friends 2.0 အစီအစဉ် နဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်တို့ကို လက်ရှိမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး ပါဝင်ခွင့်ရခဲ့တဲ့ လူငယ်များကလည်း မိမိအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရနိုင်ဖို့ အားတက်သရော ကြိုးပမ်းလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်ပေးနေတာဖြစ်တဲ့ Galaxy Campus Friends 2.0 အစီအစဉ်မှာ “Open Your Universe” ခေါင်းစဉ်နဲ့ မိမိ အိပ်မက်တွေကို ချပြရင်း ပါဝင်ခဲ့တဲ့ လူငယ်များထဲကနေ ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နောက်တဆင့်တက်လှမ်းသွားတဲ့ လူငယ် အယောက် (၂၀) အနေနဲ့ ပိုမိုကောင်းမွန်တဲ့ Idea တွေ ဝေမျှရင်း ယှဉ်ပြိုင်နိုင်ဖို့အတွက် Professional Content Creator တွေ ဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs) နဲ့ Lwin Gyi (Do Something Plz) တို့ကနေ Workshop Session နဲ့ Interview အစီအစဥ်တွေ Samsung နဲ့ အတူပြုလုပ်ပေးခဲ့ပြီး Exclusive Galaxy Gift Boxes တွေလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသေးတယ်။

အသစ်ထွက်ရှိထားတဲ့ Foldable စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold6၊ Galaxy Z Flip6 တို့နဲ့အတူ Wow Moment တွေကို ခံစားနိုင်ဖို့ ပြုလုပ်ပေးခဲ့တဲ့ Galaxy Experience Space ပွဲကြီးမှာလည်း နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ Galaxy Campus Friends Finalist လူငယ်များလည်း ပါဝင်တက်ရောက်ခွင့်ရခဲ့တာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေမှာ ပျော်ရွှင်တက်ကြွစွာပါဝင်ခဲ့ကြပါသေးတယ်။

Galaxy Campus Friends 2.0 အစီအစဉ်ရဲ့ Finalists များထဲက တစ်ဦးဖြစ်သူ Addison က “Content Creator လုပ်ဖို့ဝါသနာပါပြီး Samsung ရဲ့ products တွေကိုအရမ်းချစ်တဲ့ ကျွန်တော့်အတွက်ကတော့ ဒီ Program ကအရမ်းကိုတန်ဖိုးရှိတဲ့ အရာလေးတစ်ခုဖြစ်ပါတယ်။ Finalists 20 Selection Celebration and Workshop နေ့မှာဆိုရင်လည်း Samsung ရဲ့ နွေးထွေးတဲ့ကြိုဆိုမူတွေ နဲ့ Content Creator ကောင်းတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ သင်ခန်းစာတွေက အရမ်းကိုတန်ဖိုးရှိခဲ့တဲ့အချိန်လေးတွေဖြစ်ခဲ့ပါတယ်။ ဖိတ်ကြားပေးတဲ့ Event တစ်ခုချင်းဆီဟာလည်း အရမ်းကိုတန်ဖိုးရှိပြီး ပျော်ဖို့ကောင်းတဲ့အတွက် Samsung နဲ့အတူတူလက်တွဲပြီး ကမ္ဘာကြီးနဲ့ Community ကို ပြောင်းလဲမူတစ်ခုဖြစ်စေတဲ့ရလဒ်တစ်ခုကို ယူဆောင်လာနိုင်မယ်လို့မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ ရင်တွင်းစကားတွေကို မျှဝေပေးခဲ့ပါတယ်။

“Samsung က ဒီလို program လုပ်ပေးတော့ ညီမတို့လိုကျောင်းတစ်ဖက်နဲ့ ကျောင်းသူ/သားတွေအတွက် ကိုယ်ဖြစ်ချင်တဲ့ Passion နဲ့ ကိုယ့်အရည်အချင်းတွေ ဖန်တီးနိုင်စွမ်းတွေကို ချပြခွင့်ရလိုက်တာမို့ တကယ်ကျေနပ်တယ်။ ဒီ Program မှာပါဝင်ဖြစ်တော့ ညီမ လူတွေအများကြီးနဲ့ စကားပြောဆိုရတဲ့အပိုင်းတွေ Collaboration အပိုင်းတွေ သိသိသာသာပိုတိုးတက်လာတယ်။ Samsung က ဖိတ်လို့ တက်ဖြစ်ခဲ့တဲ့ Galaxy Experience Space ပွဲမှာဆိုလည်း နောက်ဆုံးထွက်ထားတဲ့ Galaxy Zflip6 နဲ့ Galaxy Zfold 6 ရဲ့ နောက်ဆုံးပေါ် Innovative Advancements တွေကို မြင်ရတော့ သဘောကျမိတယ်။ အခုလိုလူငယ်တွေအတွက် Program တွေ စီစဥ်ပြီး ညီမတို့မှာရှိနေတဲ့ Skill ကို အရင်ကထက်ပိုတိုးတက်လာအောင် မြှင့်တင်ပေးတဲ့ Samsung ကို အထူးကျေးဇူးတင်မိပါတယ်။” လို့ Galaxy Campus Friends 2.0 အစီအစဉ်ရဲ့ နောက်ထပ် Finalist တစ်ဦးဖြစ်သူ သီရိထက်ထက်ဦး ကလည်း ပြောပြခဲ့ပါသေးတယ်။

အခုလို အိပ်မက်တွေကို အသက်သွင်းရင်း Universe အသစ်တစ်ခုကိုဖန်တီးချင်တဲ့ လူငယ်များရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကနေ Galaxy Campus Friends (၅) ဦးကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး Samsung Galaxy A35 ဖုန်း (၁) လုံး၊ Galaxy Campus Friend Winner Certificates၊ Collaboration Fees အနေနဲ့ ၁ လလျှင် ၂သိန်းကျပ်ဖြင့် (၃) လတိတိ Samsung နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့် နဲ့ Samsung ရဲ့ exclusive events တွေကို တက်ရောက်ခွင့် စတဲ့ အထူးအခွင့်အရေးတွေကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကြီးမှာလည်း ပါဝင်ခွင့်ရဖို့ စာရင်းပေးသွင်းသူ အယောက် (၅၀၀) ကျော်အထိ ရှိခဲ့ပြီး ထိုလူငယ်များထဲမှ အယောက် (၅၀) ကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ အရွေးချယ်ခံရသူ လူငယ်အယောက် (၅၀) ဟာ လက်ရှိမှာတော့ IT & Programming ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် သင်ကြားပေးနေတဲ့ စာသင်ချိန် နာရီ ၄၀ ကြာ အခမဲ့ AI Comprehensive Training ကို တက်ရောက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

 

ဇူလိုင်လ (၁၅) ရက်နေ့ကနေ ဩဂုတ်လ (၁၅) ရက်အထိ ပြုလုပ်ပေးသွားမယ့် အခမဲ့ AI Comprehensive Training မှာ Coding အတွေ့အကြုံပြင် ကိုယ်တိုင် Intelligence App များကို ဖန်တီးနိုင်မယ့်အတွေ့အကြုံတွေကို ရရှိနိုင်စေမယ့် အောက်ပါ သင်ခန်းစာများကို သင်ကြားပေးနေပါတယ်။

  • Introduction to Al Machine Learning and fine-tuning
  • NLP and LLM apps
  • Using OpenAI/Gemini API key for various projects
  • Computer Vision: OpenCV, YOLO
  • GitHub
  • Streamlit for UI
  • Learn how to copy-paste (Kaggle, GitHub), and prompt instructions

သင်တန်းကာလပြီးဆုံးရင်တော့ သင်တန်းပြီးဆုံးကြောင်း Certificate နဲ့ ဆုများ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်အပြင် မိမိ Ideas များကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် AI Hackathon ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ဦးမှာပါ။ AI Hackathon ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ရင်တော့ ပထမဆု ကျပ်သိန်း (၃၀) ၊ ဒုတိယဆု ကျပ်သိန်း (၂၀) နဲ့ တတိယဆု ကျပ်သိန်း (၁၀) စသဖြင့် စုစုပေါင်း Prize Pool ကျပ်သိန်း (၆၀) က စောင့်ကြိုလျက်ရှိနေတာပဲဖြစ်ပါတယ်။

 AI နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းကနေ ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Samsung နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin - CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ပေးထားတဲ့ ဒီအစီအစဉ်ကနေ အတွေ့အကြုံရှိ Mentor များ၊ Judges များရဲ့ အနီးကပ် Mentorship တွေနဲ့ အတွေ့အကြုံကောင်းတွေလည်း ရရှိနိုင်တာကြောင့် မိမိစွမ်းဆောင်ရည်တွေကို ပြသပြီး Career Opportunities များကို ဖန်တီးနိုင်ခွင့်တွေလည်း ပိုမိုတိုးတက်လာစေဦးမှာပါ။

“Samsung Innovation Campus Program မှာ ပါ၀င်ခွင့်ရတာ အတွေ့အကြုံ‌ တကယ်ရပါတယ်။ ဒီ Program က Knowledge ရရုံသက်သက်မဟုတ်ဘဲ ကိုယ့် Ideas တွေကို ဆွေးနွေးခွင့်ရတဲ့အပြင် ကိုယ့် Peers တွေဆီက အကြံဉာဏ်ကောင်းတွေကိုလဲ နားထောင်ရတဲ့အတွက် စိတ်၀င်စားစရာလဲ ကောင်းပါတယ်။ Mentor တွေကလဲ ကိုယ့် Ideasတွေကို အကောင်အထည်ဖော်ဖို့ ကူညီဆွေးနွေးပေးတဲ့အတွက် တကယ်မိုက်ပါတယ်။ ဒီ Program က ကျွန်တော့် Career ကို အထောက်အကူဖြစ်စေမယ့် Program ဖြစ်လို့ ပါ၀င်ခွင့်ရတာ ၀မ်းသာပါတယ်။“ လို့ AI Comprehensive Training ကို တက်ရောက်လျက်ရှိသူ ကိုကောင်းမင်းဆက် က သူ့အတွေ့အကြုံကို ဝေမျှပေးခဲ့ပါတယ်။

Myanmar Cyber Youths ရဲ့ Founder ဖြစ်သူ ကိုအောင်မြတ်မိုး ကလည်း “Samsung Innovation Campus လို အကျိုးရှိတဲ့ အစီအစဉ်ကောင်းတစ်ခုကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ပေးတဲ့အတွက်ရော၊ ကျွန်တော်တို့ Myanmar Cyber Youths နဲ့အတူ ယုံယုံကြည်ကြည်လက်တွဲပြီးလုပ်ပေးတဲ့အတွက်ရော Samsung ကို အထူးကျေးဇူးတင်ပါတယ်။ Samsung လို နည်းပညာ Company ကြီးတစ်ခုကနေ ဒီနိုင်ငံရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ IT Sector နဲ့ Software Development Sector ကိုလည်း အားဖြည့်ပေးတာကြောင့်မလို့ ကျွန်တော်တို့ Software Engineers တွေအနေနဲ့လည်း ဝမ်းသာကျေနပ်မိပါတယ်။“ လို့ ဝမ်းမြောက်စွာ ပြောကြားခဲ့ပါတယ်။

“Samsung Myanmar က မြန်မာနိုင်ငံကို ယူဆောင်ပေးလာတဲ့ Samsung Innovation Campus နဲ့ AI Hakathon အစီအစဉ်က လူငယ်တွေအတွက် တကယ်လိုအပ်နေတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနေတာဖြစ်လို့ ပါဝင်ခွင့်ရတဲ့ လူငယ်တွေအတွက်လည်း တကယ်ကို အကျိုးရှိစေမှာပါ။ ဒီပြိုင်ပွဲမှာ ဆုတွေရယူနိုင်ရုံသက်သက်မဟုတ်ဘဲ ဒီအစီအစဉ်ကနေရတဲ့ အတွေ့အကြုံတွေကြောင့် အရည်အချင်းကောင်းတွေ ပိုတိုးလာပြီး သူတို့တွေရဲ့ Career အတွက် အလှည့်အပြောင်းကောင်းတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ Hakathon ပြိုင်ပွဲတွေ အရမ်းရှားနေတဲ့ ခုလိုအချိန်မှာ Samsung Myanmar နဲ့အတူ လက်တွဲပြီး AI Hakathon ကို ကျင်းပခွင့်ရမှာ ဖြစ်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။“ လို့ Tee Htwin - CSR ရဲ့ founder ဖြစ်သူ ကိုဇင်ဝေယံ ကလည်း ပြောပြပေးခဲ့ပါတယ်။

အခုလို Samsung Myanmar ကနေ လူငယ်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်ပေးနေတဲ့ အစီအစဉ်ကောင်းများအကြောင်းကို အချိန်နဲ့တပြေးညီ သိရှိလိုရင်တော့ Samsung Myanmar Facebook Page (https://www.facebook.com/SamsungMyanmar) မှာကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။


Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးညဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solution များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာ သိရှိုနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။ 

.

.

.

.



 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်