TikTok အသုံးပြုမည့်သူများ သိထားသင့်သော အချက်များ

 TikTok သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ရေပန်းအစားဆုံး ဖျော်ဖြေရေး ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် သုံးစွဲသူပေါင်း ၁ ဘီလီယံကျော်ရှိပါသည်။ မတူကွဲပြားသော အသုံးပြုသူများအတွက် တီထွင်ဖန်တီးမှုနှင့် လူမှုအသိုင်းအ၀န်းကို ကျယ်ပြန့်တိုးပွားစေပြီး ဘေးကင်းသော၊ လူတိုင်းပါဝင်သော၊ စစ်မှန်သော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပါသည်။ TikTok သည် မြန်မာနိုင်ငံရှိ အထွေထွေအသုံးပြုသူများ၊ Content ဖန်တီးသူများ၊ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် လုပ်ငန်းများအတွက် ထိပ်တန်း အသုံးပြုရမည့်ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်လာသည့်အတွက် TikTok၏ တက်ကြွသော အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရာတွင် လုပ်ဆောင်ရမည့်အရာအချို့ကို မျှဝေလိုက်ရပါသည်။ ဖျော်ဖြေရေးဗီဒီယိုများကို ကြည့်ရှုခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဖန်တီးခြင်းကို နှစ်သက်ပါက ဤလမ်းညွှန်ချက်သည် TikTok ကို ကောင်းကောင်းအသုံးပြုတတ်အောင် ကူညီလမ်းပြပေးပါလိမ့်မည် ဖြစ်ပါသည်။

အကောင့်ဖွင့်ခြင်း

TikTok အကောင့်ကို အောက်ပါအတိုင်းလွယ်ကူ လျင်မြန်စွာဖွင့်နိုင်ပါသည်။

၁။ TikTok ကို Google Play Store သို့မဟုတ် App Store မှ ဒေါင်းလုတ်လုပ်ပါ။

၂။ App ကိုဖွင့်ပါ။

၃။ ညာဘက်အောက်ခြေရှိ Profile ကို နှိပ်ပါ။

၄။ အကောင့်ဖွင့်ရန် နည်းလမ်းရွေးပါ။ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ သို့မဟုတ် Facebook၊ Google၊ Twitter/X စသည့် ဆိုရှယ်မီဒီယာအကောင့်များကို သုံးပြီး အကောင့်ဖွင့်နိုင်ပါသည်။


Profile ကိုပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း

  • ပရိုဖိုင်ဓာတ်ပုံနှင့် အသုံးပြုသူအမည်

မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေမည့် ရှင်းလင်းသော ပရိုဖိုင်ဓာတ်ပုံနှင့် အသုံးပြုသူအမည်ကို ရွေးချယ်ပါ။

  • ကိုယ်ရေးအကျဥ်း

မိမိမည်သူမည်၀ါဖြစ်ကြောင်းနှင့် မည်သို့သော အကြောင်းအရာများ ဖန်တီးကြောင်းကို ဖော်ပြသည့် ကိုယ်ရေးအကျဥ်းကို ရေးပါ။ မိမိ၏ အခြား ဆိုရှယ်မီဒီယာအကောင့်များနှင့် ၀က်ဘ်ဆိုဒ်များ၏ လင့်ခ်များကိုလည်း ထည့်သွင်းနိုင်ပါသည်။

  • ကိုယ်ရေးလုံခြုံမှုဆက်တင်

မိမိတင်ထားသော ဗီဒီယိုများကို ကြည့်ရှုနိုင်သည့်သူနှင့် Comment ပေးနိုင်သည့်သူစသဖြင့် စိတ်ကြိုက်ထိန်းချုပ်နိုင်ရန် ကိုယ်ရေးလုံခြုံမှုဆက်တင်များကို လေ့လာချိန်ညှိပါ။


App ကိုလေ့လာခြင်း


  • For You feed (FYF)

TikTok ကိုဖွင့်လိုက်သည်နှင့် For You Feed (FYF) ကို ပထမဆုံးမြင်ရမှာဖြစ်ပြီး မိမိ အကြိုက် သို့မဟုတ် like၊ share၊ comment စသဖြင့် ပြုလုပ်ဖူးသော ဗီဒီယိုများအပေါ် မူတည်ပြီး ဖော်ပြထားသော ဗီဒီယိုများကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ တုံ့ပြန်ချက်အပေါ်မူတည်ပြီး FYF တွင် မိမိကြိုက်နှစ်သက်မည့ ဗီဒီယိုများပေါ်လာမည်ဖြစ်ပါသည်။

  • Friends Tab

TikTok ပေါ်ရှိ မိတ်ဆွေသူငယ်ချင်းများနှင့် အလွယ်တကူ ထိတွေ့ဆက်သွယ်နိုင်ရန်နှင့် အကြံပြုထားသည့် အခြားအကောင့်များကို သိရှိနိုင်ရန် Friends Tab ကိုအသုံးပြုနိုင်ပါသည်။

 

TikTok တွင် ရှာဖွေခြင်း

အသုံးပြုသူများ၊ ဗီဒီယိုများ၊ အသံများ၊ Hashtag များကို အောက်ပါအတိုင်းရှာနိုင်သည်။

  • ညာဘက်အပေါ်ထောင့်ရှိ Search Icon ကို နှိပ်ပါ။
  • ရှာဖွေလိုသည့် စာလုံးကို ရိုက်ထည့်ပါ။
  • ပေါ်လာသည့် အသုံးပြုသူများ၊ ဗီဒီယိုများ၊ အသံများ၊ Hashtag များ စသည့် Tab များတွင် လိုက်လံရှာဖွေကြည့်ရှုပါ။


FYF ကို စိတ်ကြိုက်ပြင်ဆင်ခြင်း

အောက်ပါ Feature များကို သုံးပြီး For You Feed (FYF) ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။

  • စိတ်မ၀င်စားပါ - မိမိမကြိုက်သည့် ဗီဒီယိုကို ကြာကြာနှိပ်သည့်အခါ လုပ်ဆောင်ချက်များပေါ်လာမည်ဖြစ်ပြီး ထိုအထဲမှ "စိတ်မ၀င်စားပါ (Not Interested)" ကိုရွေးပါ။ TikTok မှ ၎င်းနှင့် အလားတူ ဗီဒီယိုများကို လျှော့ပြသွားမည်ဖြစ်ပါသည်။
  • Feed ကို Refresh လုပ်ပါ - FYF တွင် အပေါ်မှ အောက်သို့ ဆွဲချပြီး refresh လုပ်ပါက ဗီဒီယိုအသစ်များပေါ်လာမည်ဖြစ်သည်။
  • စာလုံးများကို စစ်ထုတ်ပါ - စာလုံးများနှင့် Hashtag များကို စစ်ထုတ်ပြီး ၎င်းတို့ပါ၀င်သည့် ဗီဒီယိုများ FYF တွင် ပေါ်မလာအောင် လုပ်ဆောင်ပါ။

 

စိတ်၀င်စားဖွယ်အကြောင်းအရာဖြင့် ပထမဆုံးဗီဒီယိုကို ဖန်တီးခြင်း

  • စစ်မှန်မှုရှိပါ

သင်အမှန်တကယ်စိတ်ဝင်စားသော အကြောင်းအရာများနှင့် အမြင်များကို မျှဝေပါ။ စစ်မှန်မှုရှိပါက မိမိကိုအားပေးချစ်ခင်သည့် အမာခံပရိသတ်များ တိုးပွားလာမည်ဖြစ်ပါသည်။

  • ခေတ်စားနေသော အကြောင်းအရာများနောက် အမီလိုက်ပါ

ခေတ်စားနေသော challenge များနှင့် သီချင်းများကို ရွေးချယ်ပါ၀င်ပြီး လူသိများအောင်လုပ်ပါ။ သို့သော် မိမိကိုယ်ပိုင်စတိုင်နှင့် ကိုက်ညီမှုရှိမရှိ သေချာဆန်းစစ်ပြီးမှ ပါ၀င်ပါ။

  • Hashtag များ သုံးပါ

သက်ဆိုင်ရာ hashtag များသုံးပါက ပိုမိုများပြားသော အသုံးပြုသူများထံ သင့်ဗီဒီယို ရောက်ရှိမည်ဖြစ်ပါသည်။ ခေတ်စားနေသော hashtag များကို စူးစမ်းလေ့လာပြီး ဗီဒီယိုနှင့် ကိုက်ညီမည့်အရာကို ရွေးချယ်ပါ။


TikTok ၏ Editing Tool များကို အသုံးပြုခြင်း

သင့်ဗီဒီယိုများ ထင်ရှားပေါ်လွင်စေရန် TikTok ၏ များပြားသော filter နှင့် effect များကို စမ်းသပ်ကြည့်ပါ။ ၎င်းတို့ကို အသုံးပြုရန်အတွက် -

  • အောက်ဘက် အလယ်ရှိ "+" (အပေါင်းလက္ခဏာ)ကိုနှိပ်ပါ။
  • ကြိုက်ရာ ဗီဒီယိုကြာချိန်ကို ရွေးချယ်ပါ။ သို့မဟုတ် မိမိဖုန်းရှိ ဗီဒီယိုကို ရွေးပါ။
  • ဗီဒီယိုရိုက်ပြီး "✓" (အမှန်ခြစ်) ကို နှိပ်ပါ။
  • ထို့နောက်ဘယ်ဘက်အခြမ်းရှိ Effect၊ Sticker နှင့် Filter စသည်တို့ကို စိတ်ကြိုက်သုံးပြီး ပြင်ဆင်ပါ။
  • "ရှေ့သို့" ကိုနှိပ်ပြီး ကိုယ်ရေးလုံခြုံမှု ဆက်တင်များကို လိုသလိုချိန်ညှိကာ "ပို့စ်တင်ပါ" ကို နှိပ်ပြီး ဗီဒီယိုကို မျှဝေနိုင်ပါသည်။

 

ယခုမှစတင်အသုံးပြုသူများအတွက် အသုံး၀င်မည့် ဆောင်ရန်ရှောင်ရန်များ -

ဆောင်ရန်အချက်များ Dos

  • အကောင့်ကို သေချာပြင်ဆင်တည်ဆောက်ပါ
  • မိမိပရိုဖိုင်ကို အပြည့်အစုံဖြည့်ပြီး အသုံးပြုသူအမည်ကို ရွေးချယ်ပါ။
  • ခေတ်ရေစီးကြောင်းကို စူးစမ်းပါ
  • မိမိ၏ စစ်မှန်မှုကို မဆုံးရှုံးစေဘဲ လိုက်ဖက်သည့် ခေတ်စားနေသော အကြောင်းအရာများကို သုံးပြီး လူသိများအောင်လုပ်ပါ။
  • ကိုယ်ရေးလုံခြုံရေးကို ထိန်းသိမ်းပါ
  • မိမိဗီဒီယိုများကို မည်သူမြင်နိုင်၊ အပြန်အလှန်တုံ့ပြန်နိုင်သည်ကို ထိန်းချုပ်ရန် ကိုယ်ရေးကိုယ်တာ ဆက်တင်များကို ချိန်ညှိပါ။ သီးသန့်အကောင့် သို့မဟုတ် အများသုံးအကောင့် ကြိုက်ရာ ရွေးချယ်နိုင်ပြီး Commentများ၊ မက်ဆေ့ချ်များနှင့် အခြားအရာများအတွက် ခွင့်ပြုချက်များကို သတ်မှတ်နိုင်ပါသည်။

ရှောင်ကြဉ်ရန် အချက်များ Don'ts

  • အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ရှောင်ကြဉ်ပါ

အနှောက်အယှက်ဖြစ်စေသော သို့မဟုတ် အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ရှောင်ပါ။ TikTok တွင် သုံးစွဲသူအားလုံးအတွက် အပြုသဘောဆောင်သော အတွေ့အကြုံသာ ရရှိစေရန် ချမှတ်ထားသော အသိုင်းအဝိုင်းလမ်းညွှန်ချက်များ ရှိပါသည်။

  • မူပိုင်ခွင့်ကို လေးစားပါ

သင်အသုံးပြုပိုင်ခွင့်ရှိသော သီချင်းနှင့် အကြောင်းအရာများကိုသာ အသုံးပြုပါ။ TikTok တွင် အသုံးပြုရန် ဘေးကင်းသော အသံနှင့် သီချင်းပေါင်းများစွာကို ပံ့ပို့ပေးထားသည်။

  • အလွန်အကျွံမျှဝေခြင်း

ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူသိရှင်ကြား မျှဝေရာတွင် အလွန်အကျွံမဖြစ်အောင် သတိထားပါ။ အရေးကြီးသော အချက်အလက်များကို မဖော်ပြခြင်းဖြင့် မိမိ၏ကိုယ်ရေးကိုယ်တာနှင့် လုံခြုံမှုကို ကာကွယ်ပါ။

This content is only supported in a Lark Docs


သင့်အတွက် လမ်းညွှန်မှုအခြေခံများ

သင့်အတွေ့အကြုံနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန် အောက်ပါအကြံပြုချက်များကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါသည်။


အသိုင်းအ၀ိုင်းလမ်းညွှန်ချက်များနှင့် အကြောင်းအရာစိစစ်ရေ

ဘေးကင်းပြီး နွေးထွေးကြိုဆိုသော ပတ်ဝန်းကျင်တစ်ခုဖြစ်ရန်အတွက် TikTok တွင် အသိုင်းအဝိုင်း လမ်းညွှန်ချက်များ သတ်မှတ်ထားပါသည်။ ဤလမ်းညွှန်ချက်များကို ချိုးဖောက်သည့်အကြောင်းအရာဗီဒီယိုကို ဖယ်ရှားခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် FYF တွင် မပေါ်အောင် ဖယ်ရှားခြင်းများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဤစံနှုန်းများကို လေးစားလိုက်နာသော အကြောင်းအရာများ ဗီဒီယိုများကိုသာ ဖန်တီးပါ။


ပရိတ်သတ်များနှင့်အပြန်အလှန်ဆက်သွယ်ခြင်း

  • Comment များကို စာပြန်ပါ

မိမိ ဗီဒီယိုများရှိ Comment များကို စာပြန်ပြီး ပရိသတ်နှင့် ထိတွေ့ဆက်ဆံပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိ၏အကြောင်းအရာဗီဒီယိုများကို စိတ်၀င်စားသည့် အသိုက်အဝန်း တစ်ခုကို တည်ဆောက်ရာတွင် ကူညီနိုင်ပါသည်။

  • Duet နှင့် Stitch feature များကိုသုံးပါ

Duet နှင့် Stitch Feature များကို သုံးပြီး အခြားဖန်တီးသူများ၏ ဗီဒီယိုများနှင့် အပြန်အလှန်တုံ့ပြန်ခြင်းဖြင့် ပိုမိုလူသိများစေလာနိုင်ပါသည်။

  • Post ပုံမှန် တင်ပါ

ဇွဲရှိမှုသည် အဓိကသော့ချက်ဖြစ်သည်။ မိမိ ပရိသတ်များ၏ စိတ်၀င်စားမှုကို ထိန်းထားနိုင်ရန် Post ပုံမှန်တင်နိုင်အောင် ကြိုးစားပါ။

 

TikTok တွင် သင်၏ စွန့်စားခန်းကို စတင်ရာမှာ စစ်မှန်ပြီး တသမတ်တည်းရှိနေရန် အသိုင်းအဝိုင်းနှင့် အပြန်အလှန်ဆက်ဆံပြီး သင်၏ ဖန်တီးနိုင်စွမ်းကို ရှာဖွေရန် အရေးကြီးပါသည်။ ဤလမ်းညွှန်ချက်သည် သင့်အား ပလပ်ဖောင်းကို အောင်မြင်စွာ အသုံးပြုနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော TikTok အတွေ့အကြုံတစ်ခုဆီသို့ ပို့ဆောင်ပေးနိုင်ရန် မျှော်လင့်ပါသည်။ TikTok အသုံးပြုခြင်းအကြောင်း ပိုမိုလေ့လာလိုပါက https://support.tiktok.com/en/using-tiktok သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



.

.

.

.






Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်