AI-Powered Circle to Search လုပ်ဆောင်ချက်ကို Samsung Galaxy A Series နဲ့ Galaxy Tab S9 FE Seriesများတွင် အသုံးပြုနိုင်ပြီ

 ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung နဲ့ Google တို့ပူးပေါင်းဖန်တီးထားတဲ့ Circle to Search လုပ်ဆောင်ချက်ကို Samsung Galaxy A Series နဲ့ Galaxy Tab S9 FE Series တို့အတွက်ပါ ရယူအသုံးပြုခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ မိုဘိုင်း AI နည်းပညာကို user-base များပြားတဲ့ Galaxy A Series မှာ ထည့်သွင်းပေးလိုက်တဲ့အတွက် အသုံးပြုသူအများအပြားမှ အဆိုပါ လုပ်ဆောင်ချက်ကို ကိုယ်တိုင်တွေ့ကြုံခံစား နိုင်ကြတော့မှာဖြစ်တဲ့အပြင် Galaxy Tab S9 FE နဲ့ Tab S9 FE+ အသုံးပြုသူတွေ အနေနဲ့လည်း မျက်နှာပြင်ကျယ်ပေါ်မှာ ရှာဖွေလေ့လာမှုတွေ ပိုမိုပြုလုပ်နိုင်ကြတော့မှာ ဖြစ်ပါတယ်။

Circle to Search က သာမာန် စာရိုက်နှိပ်ပြီး ရှာဖွေရခြင်းတွေထက် လွယ်ကူ မြန်ဆန်ပြီး ထိရောက်တဲ့ ရှာဖွေမှုပုံစံတစ်မျိုးဖြစ်တဲ့အလျောက် စတင်မိတ်ဆက်စဥ်ကာလ ကတည်းက လူအများ အထူးနှစ်သက်ခဲ့ကြတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆိုပါ Circle to Search လုပ်ဆောင်ချက်ကို အထောက်အပံ့ပြုတဲ့ Galaxy AI ကို အဆင့်မြှင့်တင်လာခဲ့ကြတဲ့အတွက် စာတစ်မျက်နှာ တစ်ပြင်လုံးအား အလွယ်တကူ ဘာသာပြန်ခြင်း၊ QR နဲ့ barcode များ ဖတ်ရှုနိုင်ခြင်းတို့ကိုပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုတစ်ခါမှာလည်း Galaxy A Series နဲ့ Galaxy Tab S9 FE Series တို့မှာပါ ပိုပြီး ရှုပ်ထွေးခက်ခဲတဲ့ မေးမြန်းရှာဖွေမှုတွေကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

Circle to Search က အက်ပလီကေးရှင်းတစ်ခု သပ်သပ်ဖွင့်နေစရာမလိုပဲ ဖုန်းမျက်နှာပြင်ပေါ်မှာ ဖွင့်ထားတဲ့ စာဖြစ်စေ၊ ပုံဖြစ်စေ၊ ဗီဒီယိုဖြစ်စေကနေ မိမိရှာဖွေလိုတဲ့ အကြောင်းအရာကို လက်နဲ့ လွယ်လွယ်ကူကူ ဝိုင်းလိုက်ရုံနဲ့ ထိုဝိုင်းလိုက်တဲ့အကြောင်းအရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို အချိန်တိုတွင်း ပြသပေးမှာ ဖြစ်ပါတယ်။ အဆိုပါ AI လုပ်ဆောင်ချက်ကို ပေးအပ်နိုင်ဖို့ Google နဲ့ ပူးပေါင်းထားတဲ့အတွက် ကျယ်ပြန့်တဲ့ရှာဖွေမှုတွေကနေ အကောင်းဆုံး ရလဒ်၊ အတွေ့အကြုံတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Galaxy A Series နဲ့ Galaxy Tab S9 Series တို့မှာ Circle to Search လုပ်ဆောင်ချက် ရယူနိုင်စေဖို့ နောက်ဆုံးထွက် OS Update ကို မြှင့်တင်ထားဖို့လိုအပ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Samsung Myanmar Facebook Page သို့ဖြစ်စေ၊ Samsung Myanmar Call Center ကိုဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်