၂၀၂၄ ဇူလိုင်လတွင် အာဆီယံ ထုတ်လုပ်မှုကဏ္ဍမှာ ၁၅ လအတွင်း အမြင့်ဆုံးအဖြစ် အမှာစာသစ်များ တိုးတက်လာ
၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် S&P Global မှ ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI® အစီရင်ခံစာကို ဖော်ပြအပ်ပါသည်။
၂၀၂၄ ဇူလိုင်လတွင် အာဆီယံ ထုတ်လုပ်မှုကဏ္ဍမှာ ၁၅ လအတွင်း အမြင့်ဆုံးအဖြစ် အမှာစာသစ်များ တိုးတက်လာ
အဓိကတွေ့ ရှိချက်များ
- ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များတွင် ခိုင်ခိုင်မာမာ မြင့်တက်မှုများခဲ့သည်
- အလုပ်ခန့်အပ်မှုသည် မဆိုစလောက်မျှသာ ထပ်မံ၍ တိုးလာသည်
- ဝယ်ယူမှု ကုန်ကျစရိတ် ဖောင်းပွမှု အရှိန်ရလာသည်
ဒေတာကို ဇူလိုင်လ ၁၁-၂၅ ရက်အတွင်း စုဆောင်းခဲ့သည်
S&P Global မှ နောက်ဆုံးရ PMI® ဒေတာအရ အာဆီယံ ထုတ်လုပ်သူများသည် ဇူလိုင်လတွင် လုပ်ငန်းအခြေအနေများ တိုးတက်မှုရခဲ့ကြောင်းဆက်လက်မှတ်ချက်ပြုခဲ့ကြသည်။
တတိယသုံးလပတ် စတင်ချိန်တွင် လုပ်ငန်းဆောင်ရွက်မှုနှင့် အလုပ်အသစ်များ ရရှိမှုသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုးချဲ့မှု အစဉ်များကို ချဲ့ထွင်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။ ယင်းအတွက်ကြောင့် အလုပ်ခန့်အပ်မှုသည် ဒုတိယမြောက်လအဖြစ် ဆက်တိုက် မဆိုစလောက်မျှ တိုးလာခဲ့သည်။ သို့ရာတွင် စစ်တမ်းဖြေဆိုသူများက မြင့်တက်လာသော ဝယ်ဈေးများနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရပြီး ဖောင်းပွမှုနှုန်းသည် ဖေဖော်ဝါရီလနောက်ပိုင်း မြင်တွေ့ရသမျှတွင် အသိသာဆုံး ဖြစ်ခဲ့သည်။
ခေါင်းစီး S&P Global အာဆီယံ ထုတ်လုပ်မှု ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMIF) သည် ဇူလိုင်လတွင် ၅၁.၆ ရှိခဲ့သည်။ ကိန်းဂဏန်းသည် ဇွန်လတွင် တွေ့ခဲ့သည့် (၅၁.၇) မှ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထုတ်လုပ်ရေး လုပ်ငန်းအခြေအနေများတွင် အသင့်အတင့် တိုးတက်မှုသည် တစ်လထက်တစ်လ ပိုခဲ့ကာ ခုနစ်လမြောက် ဖြစ်ခဲ့သည်။
အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော တိုးချဲ့မှုအစဉ်အတိုင်း ဆက်သွားခဲ့သောကြောင့် ထုတ်လုပ်ရေးသည် ဇူလိုင်လတွင် အသင့်အတင့် တိုးတက်ခဲ့သည်။ လုပ်ငန်းထည့်ဝင်မှု အသစ်များသည် ခိုင်ခိုင်မာမာ မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် အမြန်ဆုံးနှုန်း ဖြစ်ခဲ့သည်။ သို့ရာတွင် ပို့ကုန် အမှာစာအသစ်များသည် ဆက်လက်လျော့ကျခဲ့ပြီး လက်ရှိလျော့ကျမှု အစဉ်အဆက်ကို ၂၆ လအထိ ထပ်တိုးစေခဲ့သည်။
အာဆီယံ ထုတ်လုပ်သူများသည် နှစ်လဆက်တိုက်အဖြစ် ဝန်ထမ်းအဆင့်များ တိုးလာမှုကို ပြခဲ့ကြပြီး အလုပ်အကိုင်ဖန်တီးမှု အရှိန်သည် ဇွန်လတွင် ရှိခဲ့သည့်အတိုင်း မပြောင်းလဲဘဲ ရှိခဲ့သည်။ အနည်းငယ်မျှသော တိုးတက်မှုသည် ကျန်ရှိသော လုပ်ငန်းများ၏ မြင့်တက်မှု အဆင့်များနှင့်အညီ ဖြစ်ခဲ့သည်။ တတိယသုံးလပတ် စတင်ချိန်သည် လုပ်ဆောင်နိုင်စွမ်းအပေါ် ဖိအားကို မှတ်ချက်ပြုရမည့် ငါးလမြောက် ဆက်တိုက်လ ဖြစ်ခဲ့သည်။
ဝယ်ဈေးများသည် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အမြန်ဆုံးနှုန်းဖြင့် ဖောင်းပွခဲ့သည်။ ပိုမိုမြင့်မားသော ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများက ရောင်းချသည့် အဖိုးအခများ မြင့်တက်မှုကို ဖြစ်စေခဲ့ပြီး ဖောင်းပွမှုနှုန်းသည်လည်း ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အသိသာဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် အဖိုးအခများ ပိုမိုသိသာသော အရှိန်ဖြင့် မြင့်တက်ခဲ့သည့် လေးလဆက်တိုက်လ ဖြစ်ခဲ့သည်။
ဝယ်ယူရေးလုပ်ဆောင်မှုသည် အာဆီယံ ထုတ်လုပ်သူများတွင် အသင့်အတင့် တိုးလာခဲ့သည်။ ထည့်ကုန်များအတွက် ဝယ်လိုအား တိုးလာခြင်းနှင့်အတူ ရောင်းချသူ စွမ်းဆောင်ရည်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် အလျင်မြန်ဆုံးနှုန်းဖြင့် ယိုယွင်းခဲ့သည်။
ယင်းအချိန်အတောအတွင်း ထည့်ကုန်များ သိုမှီးထားမှုသည် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လျော့ပါးခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းတွင် အမြန်ဆုံးနှုန်းဖြင့် ဖြစ်ခဲ့သည်။
ထုတ်လုပ်ပြီးပစ္စည်းများ၏ ပမာဏများသည်လည်း အလားတူပင် လျော့ပါးခဲ့သည်။ ကျဆင်းသည့်နှုန်းသည် ဇွန်လထက်စာလျှင် သက်သာလာခဲ့သော်လည်း ဇူလိုင်လသည် လက်ရှိလျော့ကျမှု အစဉ်ကို ၁၅ လအထိ ထပ်တိုးစေခဲ့သည်။
အပြုသဘောဆောင်သော သဘောထားကို အာဆီယံ ထုတ်လုပ်သူများတွင် ထပ်မံ၍ မှတ်တမ်းတင်ခဲ့သည်။ တတိယသုံးလပတ် စတင်ချိန်တွင် လာမည့် ၁၂ လအတွက် မျှော်မှန်းချက်များသည် လေးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း တွေ့ခဲ့ရသည်။
သုံးသပ်ချက်
အာဆီယံ ထုတ်လုပ်ရေး PMI ဒေတာအပေါ် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ -
"ပထမနှစ်ဝက်အတွင်း အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တဝန်းမှာ တွေ့မြင်ခဲ့ရတဲ့ တိုးတက်မှုကို JOJS ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ဝင်ရောက်လာချိန်မှာ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဝယ်လိုအား အခြေအနေတွေက ဆက်လက်အားကောင်းနေခဲ့ပြီး အမှာစာအသစ် တိုးပွားမှုက ၁၅ လအတွင်း အမြင့်ဆုံးအထိ မြင့်တက်ခဲ့သလို အဲဒါကြောင့်ပဲ လုပ်ငန်းတွေက သူတို့ရဲ့ ထုတ်လုပ်မှုကို ဇူလိုင်လမှာ ခိုင်ခိုင်မာမာ မြင့်တက်စေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကဏ္ဍရဲ့ ထိန်းထားနိုင်တဲ့ တိုးတက်မှုက နှစ်လဆက်တိုက်အဖြစ် နောက်ထပ်ဝန်ထမ်းတွေ ခေါ်ယူဖို့ ကုန်ထုတ်လုပ်သူတွေကို တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်အကိုင် ဖန်တီးမှုနှုန်းက အသင့်အတင့် ဆက်ဖြစ်နေခဲ့ပါတယ်။
"ဒါပေမယ့် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားတွေကလည်း ပြီးခဲ့တဲ့ စစ်တမ်းကာလမှ ထပ်မံအားကောင်းလာခဲ့ပါတယ်။ ဈေးနှုန်းဖိအားတွေ မြင့်တက်လာခြင်း၊ လာမယ့်လတွေမှာ တိုးတက်မှုအတွက် လေဆန်ကိုတိုးရသလို ဖြစ်စေနိုင်ပြီး ဒေသတဝန်းက ဗဟိုဘဏ်တွေအနေနဲ့ မူဝါဒနှုန်းထားတွေအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှု ရှိနိုင်ကြောင်း အကြံပြုပါတယ်။"
.
.
.
Comments
Post a Comment