MPT က မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုတွင် တိုးချဲ့ဆောင်ရွက်

 MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများအတွက် ပိုမိုမြန်ဆန် ကောင်းမွန်သော အရည်အသွေးမြင့် ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT သည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ရှိ မြို့နယ် (၇၆) မြို့နယ်တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို တိုးချဲ့ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာပါသည်။

ကွန်ရက်တိုးချဲ့မှုနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှု အတွေ့အကြုံများကိုပါ ရရှိခံစားနိုင်ပြီး အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် *555# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT Own Shop များ၊ Call Center၊ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် TuTu Chat ၊ MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် ဝယ်ယူ၍ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ သုံးစွဲသူများသည် အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းအစီအစဉ်ကို အကန့်အသတ်မရှိ ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM JO ၏ နည်းပညာဌာနကြီးမှ ဒုတိယ အရာရှိချုပ်ဖြစ်သူ Mr. Yoshihisa OUCHI က “ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၅) ခုမှာ ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ မြန်နှုန်းမြင့် LTE ကွန်ရက်ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုကွန်ရက် အဆင့်မြှင့်တင်မှုက ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းအတွ့အကြုံတွေဖြစ်တဲ့ လေ့လာသင်ယူခြင်း၊ အွန်လိုင်းဖျော်ဖြေရေး သို့မဟုတ် ဂိမ်းကစားခြင်းအတွက် အတွေ့အကြုံကောင်းများစွာကို ပေးအပ်နိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ကွန်ရက်နဲ့အတူ “အထူးကမ်းလှမ်းချက်” တွေကို ရရှိခံစားနိုင်ပါပြီ”ဟု ပြောကြားခဲ့ပါသည်။  

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်ရန် ဆောင်ရွက်လျက်ရှိပြီး မြန်နှုန်းမြင့် LTE ကွန်ရက် အဆင့်မြှင့်တင်ခြင်းများကို အခြားဒေသများအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၇ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၀ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။





Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်