MPT က ဒီဂျစ်တယ်ပိုင်းဆိုင်ရာ နည်းလမ်းသစ်များနှင့်အတူ အနာဂတ်၏ ခေါင်းဆောင်လူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြု
အနာဂတ်ကိုပုံဖော်ရာတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို နှစ်စဉ် သြဂုတ်လ (၁၂) ရက်နေ့တိုင်း ကမ္ဘာတစ်ဝန်း၌ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ယနေ့ခေတ်တွင် လူငယ်များအား စွမ်းဆောင်ရည် မြင့်မားလာစေရန် နှင့် ကဏ္ဍအသီးသီးတွင် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးကြောင်း အလေးပေး ဖော်ပြလျက်ရှိပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒီဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဖြစ်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုများကို ဆောင်ရွက်ရာတွင် ဒီဂျစ်တယ်နှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို ဖော်ပြထားပါသည်။
ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT အနေဖြင့် ဆန်းသစ်သော ဒီဂျစ်တယ် နည်းလမ်းများနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များမှ တစ်ဆင့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ MPT သည် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သော နည်းလမ်းများ၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် အောင်မြင်ပြီး ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။
MPT က ၂၀၂၄ ခုနှစ် လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မကြာသေးခင်ကာလကလည်း နည်းပညာတက္ကသိုလ် (၂၁) ခုမှ နောက်ဆုံးနှစ် ကျောင်းသား ၂၀၀ နီးပါးကို လုပ်ငန်းခွင် အတွေ့အကြုံများ ပေးအပ်ခဲ့ပြီး ၎င်းတို့၏ အနာဂတ် သက်မွေးဝမ်းကြောင်းပညာရပ်များကိုလမ်းညွှန်ပေးနိုင်မည့် လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချမှုများနှင့် MPT ၏ တကယ့်လုပ်ငန်းခွင်အတွေ့အကြုံ များကို မျှဝေပေးခြင်းဖြင့် အခွင့်အလမ်းများကို ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
MPT သည် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များအတွက် သင်ကြားရေး အခွင့်အလမ်းများကို ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် CSR E-Learning အစီအစဉ်မှ တစ်ဆင့် ပညာရေးကဏ္ဍကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KMD၊ Center for Vocational Training Ltd Gty ၊ စိုးစံ ဂျပန်ဘာသာစကားသင်တန်းကျောင်း နှင့် သန်းတိုးအောင် မိုဘိုင်းဖုန်းဆော့ဖ်ဝဲပြုပြင်ရေးတို့နှင့် ပူးပေါင်းကာ အိုင်တီနည်းပညာသင်တန်း ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်း၊ ဂျပန်ဘာသာစကား သင်တန်း နှင့် မိုဘိုင်းဖုန်းဆော့ဖ်ဝဲပြုပြင်ရေး နည်းပညာသင်တန်း များကို ပေးအပ်လျက်ရှိပါသည်။
လေ့လာသင်ယူလိုသူများအနေဖြင့် ဘာသာရပ်များအကြောင်းကို CSR E-Learning Program home page တွင် ဝင်ရောက်လေ့လာနိုင်ပြီး https://rb.gy/2a87on မှတစ်ဆင့် အခမဲ့လျှောက်လွှာဖြည့်သွင်းကာ စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။
MPT သည် ရွှေအိပ်မက်အစီအစဉ်၊ MasterChef All Stars Myanmar အစီအစဉ် နှင့် The Voice Myanmar ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် လူငယ်များကို ပံ့ပိုးပေးလျက်ရှိပြီး အဆိုပါအစီအစဉ်များသည် လူငယ်များ၏ အိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရန် အထောက်အပံ့ပြု ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကြိုးပမ်း ဆောင်ရွက်မှုများသည် မြန်မာလူငယ်များကို ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ နှင့်အတူ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ထားရှိသည့် MPT ၏ ကတိကဝတ်ကို ထင်ဟပ်စေပါသည်။
MPT အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များအောက်တွင် MPT ၏ အီလက်ထရွန်းနစ်နည်းပညာသုံး ပညာရေးအစီအစဉ်၊ နိုင်ငံတစ်ဝန်းလုပ်ငန်းခွင်လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်၊ မြန်မာလူငယ်နည်း ပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် နှင့် သူနာပြုတက္ကသိုလ်၊ရန်ကုန်၏ သူနာပြုတက္ကသိုလ်ကျောင်းပြင်ပ အဝေးသင် အစီအစဉ်တွင် အထောက်အပံ့ပြုခြင်းစသည့် အစီအစဉ်များမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားပေါင်း (၂) သိန်းကျော်ကို အထောက်အပံ့ပြု ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဆောင်ရွက်မှု များမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များအား နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန်အတွက် လိုအပ်သော စွမ်းရည်၊ အသိပညာဗဟုသုတ နှင့် အခွင့်အလမ်းများ ပေးအပ်နိုင်ခြင်းဖြင့် MPT ၏ ကတိကဝတ်များကို ထင်ဟပ်စေပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “ လူငယ်တွေဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေ တယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒီဂျစ်တယ် ပလက်ဖောင်း တွေက တစ်ဆင့် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ အသိပညာဗဟုသုတတွေကို လူငယ်တွေဆီမှာရရှိစေနိုင်ဖို့ ရည်ရွယ် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ အထောက်အပံ့ပြု ပေးသွားမှာဖြစ်ပြီး အနာဂတ်မှာလည်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင် သွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပေးအပ်နေတဲ့ အစီအစဉ်တွေကတစ်ဆင့် လူငယ်တွေရဲ့ အနာဂတ်မှာ စဉ်ဆက်မပြတ် တိုးတက်မှုကို ဆောင်ကျဉ်းနိုင်ပြီး သူတို့ရဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ အခွင့်အလမ်းတွေကို ပေးအပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့ ပါသည်။
MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၇ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၀ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။
Comments
Post a Comment