အက်တမ် (ATOM) က မြန်မာနိုင်ငံတွင်းရှိ ရေဘေးသင့်ဒေသများသို့ ဖုန်းအခမဲ့ခေါ်ဆိုခွင့်နှင့် အခမဲ့စာတို SMS ပေးပို့ခွင့်များ ပေးအပ်ထား

 မြန်မာနိုင်ငံတွင်းရှိ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် အခမဲ့ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် အခမဲ့စာတို SMS ပေးပို့ခွင့်ကို ပေးအပ်လျက်ရှိပါသည်။


● အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ရှိနေစေရန်နှင့် လိုအပ်ပါက လွယ်ကူစွာ အကူအညီတောင်းခံနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အခမဲ့ဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြစ်သည်။


● ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းများကို အက်တမ် (ATOM) ၏ တစ်ဖက်တစ်လမ်း မှကူညီပံ့ပိုးမှုသည် အရေးပေါ်အခြေအနေမျိုးတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများကို အဓိက ကူညီထောက်ပံ့ပေးသွားမည့် အက်တမ် (ATOM) ၏ တာဝန်သိလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။


 မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော ရေကြီးမြေပြိုမှုများကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးများဖြစ်ပေါ်နေလျက်ရှိရာ အက်တမ် (ATOM) အနေဖြင့် ရေဘေးသင့်ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် မိနစ် (၅၀၀) အခမဲ့ ဖုန်းပြောခွင့်နှင့် စာတို SMS (၅၀၀) အခမဲ့ ပေးပို့ခွင့်ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထိုအခမဲ့ဝန်ဆောင်မှုများကို၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် မိမိချစ်ခင်ရသူများထံ ဆက်သွယ်နိုင်ရန်နှင့် လိုအပ်သည့်အချိန်တွင် အကူအညီတောင်းဆိုနိုင်ရန်အတွက် ယခုကဲ့သို့ အက်တမ် (ATOM) အချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် စာတို SMS ပေးပို့နိုင်သည့် ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။


အက်တမ် (ATOM) မှပေးအပ်သော အခမဲ့ဝန်ဆောင်မှုများကို ရရှိနိုင်သည့် တိုင်းဒေသကြီး၊ မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ရှမ်းပြည်နယ် - ကလော၊ တာချီလတ်၊ ကျိုင်းတုံ
  • မကွေးတိုင်းဒေသကြီး - စလင်း၊ ပွင့်ဖြူ
  • မန္တလေးတိုင်းဒေသကြီး - ရမည်းသင်း၊ ဝမ်းတွင်း၊ မြစ်သား ၊ ပျော်ဘွယ်၊ ကျောက်ဆည်
  • နေပြည်တော် - တပ်ကုန်း၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ

 

ယခုကဲ့သို့ အက်တမ် (ATOM) ၏ကူညီပံ့ပိုးမှုသည် ယာဂီ တိုင်ဖုန်းမုန်တိုင်း၏ နောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ လူပေါင်းထောင်ချီ အိုးအိမ်မဲ့အခြေအနေသို့ ရောက်ရှိခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုပမဏကြီးမားခဲ့ရသည့် အခြေအနေတွင် အက်တမ် (ATOM) အသုံးပြုသူ customer များ အဆက်အသွယ်မပြတ်ရှိနေစေရန်အတွက် ရည်ရွယ်ပါသည်။ 

ယခုကဲ့သို့အခမဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ခြင်းအပြင် ရေဘေးသင့်ဒေသများသို့ အစားအစာ၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို အက်တမ် (ATOM) က နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ဇီးကောက်ဘုန်းတော်ကြီးကျောင်းသို့ငွေသားပေးအပ်လှူဒါန်းခဲ့ပါသည်။

“အခုလို အရေးပေါ်အကြပ်အတည်းကာလမှာ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မပျက်စေဖို့က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အက်တမ် (ATOM) က သိရှိနားလည်ပါတယ်။ ရေဘေးသင့်ဒေသမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူ customer တွေအနေနဲ့ သက်ဆိုင်ရာ အရေးကြီးသတင်းအချက်အလက်တွေသိရှိနိုင်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မပျက်စေဖို့အတွက် စာတို SMS နဲ့ ဖုန်းခေါ်ဆိုမှုမိနစ်တွေကို အခမဲ့ ပေးအပ်ထားတာကြောင့် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) ကမျှော်လင့်ပါတယ်။ အခုလိုမျိုးအရေးပေါ် အခြေအနေတွေမှာ အက်တမ် (ATOM) က မြန်မာနိုင်ငံက လူမှုပတ်ဝန်းကျင် အတွက် လူသားချင်းစာနာမှုအထောက်အပံ့များနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆက်လက်ပြီးပေးအပ်သွားဖို့လည်းရှိပါတယ်" ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah ကပြောကြားခဲ့သည်။

အက်တမ် (ATOM) မှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများပြုလုပ်ပေးခြင်းသည် အကြပ်အတည်းကာလတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများ ပံ့ပိုးကူညီရေးကို အလေးပေးလုပ်ဆောင်သည့် လူသားချင်း စာနာထောက်ထားမှု ဖေးမကူညီခြင်းဆိုင်ရာခေါင်းစဉ်နှင့်အညီ ကူညီဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် အက်တမ် (ATOM) သည် လတ်တလော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားနေရသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့တို့တွင်ရှိသော ထောင်ပေါင်းများစွာသော ရေဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ်သိန်း (၁,၀၀၀) (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၁၀၀,၀၀၀,၀၀၀) တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းနေလျက်ရှိကြောင်း ကြေညာခဲ့သည်။ အဆိုပါ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို ရေဘေးသင့်အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်အတွက် ပေးပို့လှူဒါန်းလျက်ရှိရာ ခန့်မှန်းခြေ လူဦးရေပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်