MPT က မဟာအက်ပလီကေးရှင်းမှာ မြန်မာရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများကို စိတ်ကြိုက်ကြည့်ရှုဖို့ Mahar Data Pack ကို မိတ်ဆက်
MPT က ရုပ်ရှင်ချစ်သူများ မြန်မာရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုရာတွင် ပိုမိုကောင်းမွန်သော ခံစားမှုရသအတွေ့အကြုံကောင်းများကို ဈေးနှုန်းသက်သက်သာသာဖြင့် ကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ Mahar Data Pack ကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ သုံးစွဲသူများသည် ပြည်တွင်းမှ မိမိတို့နှစ်သက်ရာ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကို ဒေတာကုန်ကျစရိတ်အတွက် စိုးရိမ်စရာမလိုဘဲ ၄၉၉ ကျပ်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။
Mahar Data Pack ဖြင့် ရုပ်ရှင်ပေါင်း ၃,၀၀၀ ကျော်ကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး Mahar Data Pack နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။
Mahar Data Pack များကို မဟာအက်ပလီကေးရှင်းအတွက်သာ သီးသန့်အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် MPT သည် သုံးစွဲသူများ Mahar Data Pack များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဝယ်ယူသူများထဲမှ တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီ လစဉ် ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို မဟာမှ တိုက်ရိုက်ဆက်သွယ်ပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ Maha Data Pack နဲ့ ဆိုရင် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ မြန်မာရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို အချိန်မရွေး၊ နေရာမရွေး နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ဒီအစီအစဉ်က ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပြည်တွင်းက ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို သက်သာတဲ့နှုန်းထားနဲ့ ပေးအပ်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်” ဟု ပြောကြားခဲ့ပါသည်။
မဟာမိုဘိုင်း အက်ပလီကေးရှင်းကို အန်းဒရွိုက်ဖုန်းအသုံးပြုသူများအနေဖြင့် Play Store နှင့် အိုင်ဖုန်းအသုံးပြုသူများအနေဖြင့် App Store တွင် ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်ပါသည်။ ထို့အပြင် ဝက်ဘ်ပေါ်တယ်ဖြစ်သည့် https://www.maharmovie.com/browse မှတစ်ဆင့်လည်း တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
Play Store :
https://play.google.com/store/search?q=mahar+mobile+app&c=apps&hl=en&gl=US
App Store: https://apps.apple.com/us/app/mahar-mobile/id1437972773
ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ အများပြည်သူ၏ နေ့စဉ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန်အတွက် ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၇ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ သန်း ၂၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။
Comments
Post a Comment