MPT က ဂိမ်းချစ်သူများအတွက် MPT MLBB Pro Pack အသစ် စတင်မိတ်ဆက်

 MPT သည် Mobile Legends: Bang Bang (MLBB) ဂိမ်းချစ်သူများအတွက် အထူးရည်ရွယ်ပြုလုပ်ထားသော MPT MLBB (Mobile Legends: Bang Bang) Pro Pack အသစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဂိမ်းချစ်သူများအနေဖြင့် Diamond ၄၀ အထိရရှိ မည် ဖြစ်ပြီး ဝယ်ယူသည့်ငွေပမာဏ၏ ၂ဆ (၂၀၀%) ကို ပြန်အမ်းငွေအဖြစ်ရရှိမည့် အထူးအစီအစဉ်များကိုပါ အသုံး ပြုနိုင်မည် ဖြစ်ပါသည်။

MPT MLBB Pro Pack အသစ်သည် ပမာဏများပြားသည့် Diamond များပေးအပ်ထားသည့်အတွက် ဂိမ်းကစားသူများအနေဖြင့် ဂိမ်းအတွင်းရှိ ပစ္စည်းများ နှင့် Skins များကို လွယ်ကူစွာ ဝယ်ယူနိုင်မည် ဖြစ်ပါ သည်။ MPT MLBB Pro Pack နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။


ပက်ကေ့ချ်တစ်ခုချင်း၏ ဒေတာပမာဏများကို Mobile Legends ဂိမ်းကစားခြင်း အတွက်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး ပြန်အမ်းငွေကို မိမိနှစ်သက်ရာဒေတာအသုံးပြုမှုတိုင်းအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ၎င်းတို့ကြိုက်နှစ်သက်တဲ့ ဂိမ်းပက်ကေ့ချ်တွေ ရွေးချယ်ဝယ်ယူနိုင်တဲ့ MLBB Pro pack ကို ၂၀၂၃ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဂိမ်းချစ်သူတွေရဲ့ လိုအပ်ချက်နဲ့ ပိုမိုကိုက်ညီစေဖို့အတွက် Diamond များစွာနဲ့ ပြန်အမ်းငွေ အပါအဝင်အထူးခံစားခွင့်တွေ ပေးအပ်ထားတဲ့ MPT MLBB Pro Pack အသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဂိမ်းချစ်သူတွေအနေနဲ့ MPT MLBB Pro Pack အသစ်နဲ့အတူ မိမိရဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံတွေကို မြှင့်တင်ပြီး မိမိရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ” ဟု‌ ပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။




Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်